2 ဓမ္မရာဇဝင်တတိယစောင် 15:13
အဘွားတော်မာခါသည် အာရှရပင်အဘို့ ရုပ်တုကိုလုပ်သောကြောင့်၊ မိဖုရားအရာကိုနှုတ်၍၊ ရုပ်တုကို ဖျက်ဆီးပြီးလျှင်၊ ကေဒြုန်ချောင်းနားမှာ မီးရှို့တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 15
Cross References
Exodus 32:20သူတို့လုပ်သော နွားသငယ်ကိုလည်း ယူ၍ အရည်ကျို၏။ ညက်ညက်ခြေပြီးမှ ရေပေါ်မှာ ဖြူး၍ ဣသရေလ အမျိုးသားတို့ကို သောက်စေ၏။
Deuteronomy 7:5သို့ဖြစ်၍၊ သူတို့၌ အဘယ်သို့ပြုရမည်နည်း ဟူမူကား၊ သူတို့ယဇ်ပလ္လင်များကို ဖျက်ရမည်။ ရုပ်တု များကို ဖြိုချရမည်။ အာရှိရပင်များကို ခုတ်လှဲရမည်။ ထုသောရုပ်တု ဆင်းတုများကို မီးရှို့ရမည်။
Deuteronomy 13:6သင်၏ညီအစ်ကိုရင်း၊ သင်၏သားသမီး၊ သင်၏ ရင်ခွင်၌နေသောမယား၊ ကိုယ်ကဲ့သို့ မှတ်တတ်သော အဆွေခင်ပွန်းတစုံတယောက်က၊ သွားကြစို့။ သင်လည်း မသိ၊ ဘိုးဘေးတို့လည်းမသိသော အခြားတပါးသော ဘုရား၊
Joshua 6:24မြို့နှင့်တကွ မြို့၌ရှိသမျှတို့ကို မီးရှို့ကြ၏။ သို့ရာ တွင် ရွှေငွေကို၎င်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာတို့ကို၎င်း၊ ထာဝရဘုရား၏ ဘဏ္ဍာတော်ထဲသို့ သွင်းထားကြ၏။
1 Kings 15:2နေဗတ်၏သား ယေရောဗောင်မင်းကြီး နန်းစံ တဆယ်ရှစ်နှစ်တွင်၊ အဘိယသည် ယေရုရှလင်မြို့၌ မင်းပြု၍၊ ယုဒပြည်ကို သုံးနှစ်စိုးစံ၏။ မယ်တော်ကား၊ အဘရှလုံ၏ သမီးမာခါ အမည်ရှိ၏။
2 Kings 10:26ဗာလကျောင်းနှင့်ဆိုင်သော မြို့သို့သွား၍ ဗာလကျောင်းထဲကရုပ်တုများကို ထုတ်ပြီးလျှင် မီးရှို့ကြ၏။