2 ဓမ္မရာဇဝင်တတိယစောင် 15:4
သို့သော်လည်း ဒါဝိဒ်၏မျက်နှာကိုထောက်၍၊ သူ၏ဘုရားသခင် ထာဝရဘုရားသည် ဆွေတော်မျိုးတော် ကို ချီးမြှောက်၍၊ ယေရုရှလင်မြို့ကို တည်စေသဖြင့်၊ ထိုမြို့ ၌ ဒါဝိဒ်၏မီးခွက်ကို ထွန်းလင်းစေတော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 15
Cross References
Genesis 12:2ငါသည် သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ငါ ကောင်းကြီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင် သည် ကောင်းကြီးခံရသောသူ ဖြစ်လိမ့်မည်။
Genesis 26:5အကြောင်းမူကား၊ အာဗြဟံသည် ငါ့စကားကို နားထောင်၍၊ ငါစီရင်မှာထားသော ပညတ်တရား အမျိုးမျိုးတို့ကို စောင့်ရှောက်သတည်း ဟုမိန့်တော်မူ၏။
2 Samuel 7:12သင်သည် အသက်ကာလစေ့၍ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင်၏ရင်သွေး၊ သင်မှ ဆင်းသက်သော သားကိုငါချီးမြှောက်၍ သူ၏နိုင်ငံကို တည်ထောင်မည်။
1 Kings 11:12သို့ရာတွင် သင့်အဘဒါဝိဒ်၏မျက်နှာကို ထောက်၍၊ သင့်လက်ထက်၌ ငါသည်းခံဦးမည်။ သင်၏ သားလက်မှ နိုင်ငံတော်ကို နှုတ်မည်။
1 Kings 11:36ငါ့နာမတည်ရာဘို့ ငါရွေးကောက်သော ယေရုရှလင်မြို့တွင်၊ ငါ့ရှေ့မှာ ငါ့ကျွန်ဒါဝိဒ်၏ မီးခွက်သည် အစဉ်ထွန်းလင်းလျက်ရှိစေခြင်းငှါ၊ ရှောလမုန်သားအား တခရိုင်ကို ငါပေး၏။
Psalms 18:28အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ မီးခွက်ကို ထွန်း၍၊ အကျွန်ုပ်၏ဘုရားသခင်သည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။