2 ဓမ္မရာဇဝင်တတိယစောင် 17:13
ဧလိယကလည်းမစိုးရိမ်နှင့်။ သင်ဆိုသည်အတိုင်းသွား၍ ပြုလော့။ သို့ရာတွင် ငါ့အဘို့ မုန့်ပြားငယ် တပြားကို အရင်လုပ်၍ ယူခဲ့လော့။ နောက်မှ သင်နှင့် သင်၏သားငယ်အဘို့လုပ်လော့။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 17
Cross References
Genesis 26:24ထိုနေ့ညမှာ ထာဝရဘုရားသည် ထင်ရှား၍၊ ငါသည် သင်၏အဘ အာဗြဟံ၏ ဘုရားဖြစ်၏။ မစိုးရိမ် နျင့်။ ငါသည်သင့်ဘက်မှာရှိ၏။ ငါသည်ကောင်းကြီးပေး မည်။ ငါ၏ကျွန်အာဗြဟံအတွက်၊ သင်၏အမျိုးအနွယ်ကို ငါများပြားစေမည်ဟု မိန့်တော်မူ၏။
Judges 7:5ဂိဒေါင်သည် လူတို့ကို ရေဆိပ်သို့ ခေါ်ခဲ့၍၊ ထာဝရဘုရားက၊ ခွေးသည် ရေကိုလျက်၍ သောက်သကဲ့သို့ လျှာနှင့်လျက်၍ သောက်သောသူတစု၊ ဒူးထောက်လျက် ဝပ်၍ သောက်သောသူတစု၊ ထိုလူနှစ်စုကို ခွဲထားလော့ဟု ဂိဒေါင်အား မိန့်တော်မူ၏။
2 Chronicles 20:17သို့ရာတွင်၊ အိုယုဒပြည်သူ ယေရုရှလင်မြို့သား တို့၊ သင်တို့သည် သင်တို့သည်စစ်တိုက်စရာအကြောင်း မရှိသည်သည်ဖြစ်၍၊ တည်ကြည်စွာ မတ်တက်နေလျက်၊ ထာဝရဘုရားကယ်တင်တော်မူခြင်း ကျေးဇူးကိုကြည့် ရှုကြလော့။ မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ နက်ဖြန် နေ့ချီသွားကြလော့။ ထာဝရဘုရားသည် သင်တို့နှင်အတူ ရှိတော်မူလိမ့်မည်ဟု မြွက်ဆို၏။
Isaiah 41:10မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာ ရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့ စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည်။
Malachi 3:10ဆယ်ဘို့တဘို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း ၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှါ ပြုကြလော့။ ငါ သည် မိုဃ်းကောင်းကင်ပြတင်းပေါက်တို့ကို ဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည် မသွန်းလောင်းမည်ကို ထိုသို့ စုံစမ်းကြလော့ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
Matthew 10:37အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကိုသာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။ အကြင်သူ သည် ငါ့ကို ချစ်သည်ထက် သားသမီးကို သာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။