2 ဓမ္မရာဇဝင်တတိယစောင် 17:18
မိန်းမကလည်း၊ အို ဘုရားသခင်၏လူ၊ ကိုယ် တော်သည် ကျွန်မနှင့် အဘယ်သို့ဆိုင်သနည်း။ ကျွန်မ အပြစ်တို့ကို အောက်မေ့စေ၍၊ ကျွန်မသားကို သတ်အံ့ သောငှါ ကျွန်မဆီသို့ ကြွလာတော်မူသလောဟု ဧလိယ အားဆိုသော်၊
1835 Judson Burmese Bible
In The King James Version
In Context
17ထိုနောက်မှ အိမ်ရှင်မ၏သားသည် ပြင်းပြစွာ သော အနာရောဂါစွဲသောကြောင့် အသက်ချုပ်၏။
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 17
Cross References
Genesis 42:21ထိုအခါ သူတို့အချင်းချင်းဆိုကြသည်ကား၊ အကယ်စင်စစ် ငါတို့ သည် ညီ၏အမှု၌ အပြစ်ကြီးကြ၏။ သူသည် ငါတို့ကိုတောင်းပန်သောအခါ၊ သူ့စိတ်ဆင်းရဲ ခြင်းကို ငါတို့သည် မြင်လျက်နှင့် နားမထောင်ဘဲနေကြ ၏။ ထိုကြောင့် ဤအမှုသည် ငါတို့အပေါ်မှာ ယခု ရောက်လာပြီဟု တယောက်ကိုတယောက် ပြောဆိုကြ၏။
Genesis 50:15ယောသပ်အစ်ကိုတို့သည် အဘသေသည်ကို သိမြင်လျှင်၊ ငါတို့ကို ယောသပ်သည် အငြိုးထားကောင်း ထားလိမ့်မည်။ ငါတို့သည် အထက်က သူ့ကို ညှဉ်းဆဲသောကြောင့်၊ ငါတို့အား ဧကန်အမှန်ပြန်၍ ညှဉ်းဆဲ လိမ့်မည်ဟု စိုးရိမ်လျက်၊
Judges 13:6ထိုမိန်းမသည်လည်း မိမိခင်ပွန်းထံသို့ သွား၍ ဘုရားသခင်၏ ကောင်းကင်တမန်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ်သော မျက်နှာရှိသော ဘုရားသခင်၏ လူတယောက်သည် အကျွန်ုပ်ဆီသို့ လာ၏။ အဘယ်ကလာသနည်းဟု အကျွန်ုပ်လည်း မမေး။ သူသည်လည်း မိမိအမည်ကို မပြော။
2 Samuel 16:10ရှင်ဘုရင်က အိုဇေရုယာသားတို့၊ သင်တို့သည်ငါနှင့်အဘယ်သို့ဆိုင်သနည်း။ ထိုသူသည် ကျိန်ဆဲပါလေ စေ။ ဒါဝိဒ်ကို ကျိန်ဆဲလော့ဟု ထာဝရဘုရား မှာထားတော်မူပြီ။ သို့ဖြစ်၍ သင်သည် အဘယ်ကြောင့် ဤသို့ ပြုသနည်းဟု အဘယ်သူဆိုရမည်နည်းဟူ၍၎င်း၊
1 Kings 13:1ထိုအခါ ယေရောဗောင်သည် နံ့သာပေါင်းကို မီးရှို့ခြင်းငှါ ယဇ်ပလ္လင်နားမှာရပ်နေစဉ်တွင်၊ ဘုရား သခင်၏ လူတယောက်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း၊ ယုဒပြည်မှ ဗေသလမြို့သို့ ရောက် လာ၍၊
2 Kings 1:9လူငါးကျိပ်အုပ်သော တပ်မှူးကိုစေလွှတ်၍၊ တပ်မှူးသည် တောင်ပေါ်မှာထိုင်သော ဧလိယထံသို့ ရောက်ပြီးလျှင်၊ အိုဘုရားသခင်၏လူ၊ သင်သည် ဆင်းရ မည်အကြောင်း၊ ရှင်ဘုရင်အမိန့်တော်ရှိသည်ဟုဆို၏။