The Bible Software
bible.software › 2 ဓမ္မရာဇဝင်တတိယစောင် › 2 ဓမ္မရာဇဝင်တတိယစောင် 18 › 2 ဓမ္မရာဇဝင်တတိယစောင် 18:10

2 ဓမ္မရာဇဝင်တတိယစောင် 18:10

ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်ကို ရှာစေ ခြင်းငှါ အကျွန်ုပ်သခင်မစေလွှတ်သော တိုင်းနိုင်ငံတခုမျှ မရှိပါ။ တကျွန်းတနိုင်ငံသားက၊ ဧလိယမရှိပါဟု လျှောက်သောအခါ၊ ကိုယ်တော်ကို ရှာ၍မတွေ့နိုင်ဟု ထိုတိုင်းနိုင်ငံသားတို့သည် အကျိန်ကိုခံရကြပါ၏။

1835 Judson Burmese Bible

In The King James Version

As the LORD thy God liveth, there is no nation or kingdom, whither my lord hath not sent to seek thee: and when they said, He is not there; he took an oath of the kingdom and nation, that they found thee not.

In Context

9ဩဗဒိကလည်း၊ ကိုယ်တော်ကျွန်၏ အသက်ကို သတ်စေခြင်းငှါ အာဟပ်၌ အပ်ရမည်အကြောင်း၊ ကိုယ် တော်ကျွန်သည် အဘယ်သို့ ပြစ်မှားဘိသနည်း။

11ယခုမူကား၊ ဧလိယသည် ဤမည်သောအရပ်၌ ရှိပါ၏ဟု သင့်သခင်ထံသို့သွား၍ လျှောက်လော့ဟု မိန့် တော်မူပါသည်တကား။

Read all of 2 ဓမ္မရာဇဝင်တတိယစောင် 18

Cross References

1 Samuel 23:23ထိုကြောင့် သူပုန်းရှောင်ခိုလှုံရာ အရပ်ရပ်တို့ကို သေချာစွာကြည့်ရှုသိမှတ်ပြီးမှ၊ ငါ့ထံသို့ တဖန်လာကြလျှင်၊ သင်တို့နှင့် အတူငါလိုက်မည်။ သူသည်ထိုပြည်၌ ရှိလျှင်၊ ယုဒအမျိုးသား အထောင်အသောင်းတို့တွင် ငါရှာ၍ ထုတ်မည်ဟု မှာထားသည်အတိုင်း၊

1 Kings 1:29ရှင်ဘုရင်ကလည်း၊ ငါ့အသက်ဝိညာဉ်ကို ခပ် သိမ်းသော ဒုက္ခထဲက ကယ်နှုတ်တော်မူသော ထာဝရ ဘုရား အသက်ရှင်တော်မူသည်အတိုင်း၊

1 Kings 17:1ဂိလဒ်ပြည် တိရှဘိမြို့သားဧလိယက၊ ငါကိုးကွယ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလပတ်လုံးမိုဃ်းမရွာ၊ နှင်းမကျရဟု အာဟပ် မင်းအားမြွက်ဆို၏။

1 Kings 17:9သင်ထလော့။ ဇိဒုန်ပြည်၊ ဇရတ္တမြို့သို့ သွား၍ နေလော့။ ထိုမြို့၌ နေသောမုတ်ဆိုးမတယောက်သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့်တော်မူသည်အတိုင်း၊

1 Kings 18:15ဧလိယကလည်း၊ ငါကိုးကွယ်သော ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားအသက် ရှင်တော်မူသည် အတိုင်း၊ ငါသည် ယနေ့အာဟပ်မင်းအား ကိုယ်ကို အမှန်ပြမည်ဟု ဆိုပြန်သော်၊

Psalms 12:7အိုထာဝရဘုရား၊ ကိုယ်တော်သည် ထိုသူတို့ကို ဤလူမျိုးမှ အစဉ်ကာကွယ်စောင့်မတော်မူမည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 2 ဓမ္မရာဇဝင်တတိယစောင် 18:10

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 2 ဓမ္မရာဇဝင်တတိယစောင် 18:92 ဓမ္မရာဇဝင်တတိယစောင် 182 ဓမ္မရာဇဝင်တတိယစောင် 18:11 →