2 ဓမ္မရာဇဝင်တတိယစောင် 18:46
ထာဝရဘုရား၏လက်တော်သည် ဧလိယအပေါ်မှာရှိ၍၊ သူသည် ခါးပန်းကိုစည်းလျက် အာဟပ်မင်း အရင် ယေဇရလမြို့ တံခါးဝသို့ ပြေးလေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 18
Cross References
2 Kings 3:15စောင်းသမားကို ခေါ်ခဲ့ဟုဆို၍ စောင်းသမား သည် တီးသော အခါ၊ ထာဝရဘုရား၏ လက်တော်သည် ဧလိရှဲအပေါ်သို့ ရောက်၍၊
2 Kings 9:1ထိုအခါပရောဖက် ဧလိရှဲသည် ပရောဖက် အမျိုးသားတယောက်ကို ခေါ်၍၊ သင်၏ခါးကို စည်း လော့။ ဤဆီဘူးကိုယူ၍ ဂိလဒ်ပြည် ရာမုတ်မြို့သို့ သွားလော့။
Isaiah 8:11ဤလူမျိုး၏ ဘာသာဓလေ့အတိုင်း၊ ငါမကျင့်ရ မည်အကြောင်း၊ ထာဝရဘုရားသည် တန်ခိုးပြလျက်၊ ငါ့ကို သွန်သင်၍မိန့်တော်မူသည်ကား၊
Ezekiel 1:3ထိုအခါခါလဒဲပြည်၊ ခေဗာမြစ်နားမှာ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်သည် ယဇ်ပုရောဟိတ် ဗုဇိသားယေဇကျေလ အမည် ရှိသော ငါဆီသို့ရောက်၍၊ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်မှာ တင်လျက်ရှိ၏။
Matthew 22:21ကဲသာဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက်ကြသော်၊ ယေရှုကလည်း၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ ဥစ္စာကိုကား ဘုရားသခင်အားဆက်ပေးကြလော့ဟု မိန့် တော်မူ၏။
1 Peter 1:13သို့ဖြစ်၍၊ သင်တို့စိတ်နှလုံးကို ခါးပန်းစည်း၍ သမ္မာသတိရှိကြလော့။ ယေရှုခရစ်ပေါ်ထွန်းတော် မူသောအခါ၊ သင်တို့ဆီသို့ရောက်လတံ့သောဆုကျေးဇူးကို အဆုံးတိုင်အောင် မြော်လင့်ကြလော့။