2 ဓမ္မရာဇဝင်တတိယစောင် 2:20
ထိုအခါ မယ်တော်က၊ ငယ်သောဆု တစုံတခုကို တောင်းချင်သည်ဖြစ်၍ မငြင်းပါနှင့်ဟု လျှောက်လျှင်၊ ရှင်ဘုရင်ကမိခင်၊ တောင်းပါ၊ ကျွန်ုပ်မငြင်းပါဟု မိန့်တော် မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
21မယ်တော်ကလည်း၊ ရှုနင်မြို့သူ အဘိရှက်ကို နောင်တော်အဒေါနိယအား ပေးစားတော်မူပါဟု တောင်း လေသော်၊
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 2
Cross References
Matthew 10:35အဘနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမနှင့် ချွေးမအချင်းချင်း ကွဲပြားစေခြင်းငှါ ငါလာသတည်း။
Matthew 18:19တဖန်ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင်နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်း လျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့။
Luke 11:9တဖန်ငါဆိုသည်ကား၊ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါး ကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။
John 14:13သင်တို့သည် ငါ၏နာမကိုအမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်။ အကြောင်းမူကာ၊ ခမည်း တော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်းရှိမည်အကြောင်းတည်း။