2 ဓမ္မရာဇဝင်တတိယစောင် 2:27
ထာဝရဘုရားသည် ဧလိအမျိုးကို အကြောင်း ပြု၍၊ ရှိလောမြို့၌ မိန့်တော်မူသော စကားပြည့်စုံမည် အကြောင်း၊ ရှောလမုန်သည် အဗျာသာကို ထာဝရဘုရား ထံတော်၌ ယဇ်ပုရောဟိတ်မဖြစ်စေခြင်းငှါ နှင်ထုတ်တော် မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 2
Cross References
1 Samuel 2:27ဘုရားသခင်၏ လူတယောက်သည် ဧလိထံသို့လာ၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တု ပြည်၊ ဖာရောဘုရင်ထံ၌နေရသော သင့်အဘ၏ အမျိုးအား ငါ ထင်ရှားသည် မဟုတ်လော။ -
1 Samuel 2:31သင်၏ အမျိုးတွင် အိုသောသူတယောက်မျှ မရှိစေခြင်းငှါ၊ သင်၏ လက်ရုံးနှင့် သင့်အဆွေအမျိုး ၏ လက်ရုံးကို ငါဖြတ်သော အချိန်ကာလရောက်လိမ့်မည်။-
1 Kings 4:4ယောယဒသား ဗေနာယသည် ဗိုလ်ချုပ်မင်း ဖြစ်၏။ ဇာဒုတ်နှင့် အဗျာသာတို့သည် ယဇ်ပုရောဟိတ် ဖြစ်၏။
Jeremiah 7:12ရှေ့ဦးစွာငါ၏ နာမကို ငါတည်စေသောအရပ်၊ ရှိလောရွာ၌ရှိသော ငါ့အရပ်ဌာနသို့သွား၍၊ ငါ၏အမျိုး ဣသရေလလူတို့၏ အပြစ်ကြောင့်၊ ထိုအရပ်ကို အဘယ်သို့ငါပြုဘူးသည်ကို ကြည့်ရှုကြလော့။
John 12:38ပရောဖက်ဟေရှာယဟောဘူးသည်ကား၊ အိုထာဝရဘုရား၊ အကျွန်ုပ်တို့ဟောပြောသော သိတင်း စကားကို အဘယ်သူယုံပါသနည်း။ ထာဝရဘုရား၏ လက်တော်သည်အဘယ်သူအား ထင်ရှားတော်မူသနည်း ဟူသောစကားသည် ပြည့်စုံခြင်းသို့ရောက်သတည်း။
John 19:28ထိုနောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှါ အမှုရှိသမျှကုန်စင်ပြီးသည်ကို သိတော်မူလျှင်၊ ရေငတ်သည်ဟု မိန့်တော်မူ၏။