2 ဓမ္မရာဇဝင်တတိယစောင် 2:32
သူသည် မိမိထက်သာ၍ ဖြောင့်မတ် ကောင်း မြတ်သောသူ၊ ဣသရေလဗိုလ်ချုပ်နေရ၏သား အာဗနာ နှင့်ယုဒဗိုလ်ချုပ်ယေသာ၏သားအာမသကို ငါ့ခမည်း တော် ဒါဝိဒ်မသိဘဲ တိုက်၍ထားနှင့် သတ်သော အပြစ် ကို ထာဝရဘုရားသည် သူ၏ခေါင်းပေါ်သို့ သက်ရောက် စေတော်မူမည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 2
Cross References
Genesis 4:11သို့ဖြစ်၍သင့်ညီ၏ အသွေးကို ခံယူခြင်းငှါ၊ မိမိပစပ်ကိုဖွင့်သော မြေကြီး၏ ကျိန်ခြင်းကို သင်သည် ခံရသောကြောင့်၊
Numbers 32:23ထိုသို့မပြုလျှင်မူကား၊ သင်တို့သည် ထာဝရ ဘုရားကို ပြစ်မှားခြင်းရှိသည်အတိုင်း၊ ထိုအပြစ်သည် သင်တို့ကို လိုက်၍ မှီလိမ့်မည်။
Judges 9:57ရှေခင်မြို့သားပြုသော ဒုစရိုက်အပြစ်ကိုလည်း သူတို့ခေါင်းပေါ်သို့ ဘုရားသခင်ရောက်စေတော်မူ သဖြင့်၊ ယေရုဗ္ဗာလသား ယောသံကျိန်သော စကားအတိုင်း သူတို့သည် ခံရကြ၏။
2 Samuel 3:26အထံတော်ကထွက်၍ အာဗနာနောက်သို့ တမန်တို့ကိုစေလွှတ်လျက်၊ သိရရေတွင်းမှ ခေါ်လေ၏။ ထိုအမှုကို ဒါဝိဒ်မသိ။
2 Samuel 3:37ရှင်ဘုရင်သည် နေရ၏သားအာဗနာကို သတ် စေခြင်းငှါအလိုမရှိဟု ထိုနေ့၌ဣသရေလအမျိုးသားများနှင့် လူများအပေါင်းတို့သည် သိနားလည်ကြ၏။
2 Samuel 17:25အဗရှလုံသည် ဗိုလ်ချုပ်မင်းယွာဘ အရာ၌ အာမသကို ခန့်ထား၏။ အာမသကား၊ ယွာဘ အမိ ဇေရုယာ၏ ညီမနာဟတ်သမီးအဘိဂဲလနှင့် စုံဘက်သော ဣရှမေလအမျိုး ယေသာ၏သား ဖြစ်သတည်း။