2 ဓမ္မရာဇဝင်တတိယစောင် 2:7
ဂိလဒ်ပြည်သားဗာဇိလဲ၏သားတို့ကိုကား ကျေးဇူးပြု၍ စားပွဲတော်၌ စားသောလူစုထဲသို့ ဝင်စေ လော့။ သင့်အစ်ကိုအဗရှလုံကြောင့် ငါပြေးရသောအခါ၊ သူတို့သည် ထိုသို့သောကျေးဇူးကိုပြု၍ ငါ့ထံသို့ လာကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 2
Cross References
2 Samuel 9:7ဒါဝိဒ်ကလည်း မစိုးရိမ်နှင့်။ သင်၏အဘ ယောနသန်အတွက် ငါသည်သင်၌ ဆက်ဆက်ကျေးဇူးပြုမည်။ သင့်အဘို့ရှောလုပိုင်သမျှသော မြေကို ငါပြန်ပေးမည်။ သင်သည် နေ့တိုင်းအစဉ်ငါ့စားပွဲ၌ စားရမည်ဟုဆိုသော်၊
2 Samuel 15:13သိတင်းပြောသောသူတယောက်သည် ဒါဝိဒ်ထံ သို့လာ၍၊ ဣသရေလအမျိုးသားတို့၏ စိတ်နှလုံးသည် အဗရှလုံဘက်သို့ ပါသွားပါပြီဟု ကြားလျှောက်လေ၏။
2 Samuel 19:28ကျွန်တော်အဆွေအမျိုးအပေါင်းတို့သည် အရှင် မင်းကြီးရှေ့တော်မှာ လူသေဖြစ်ကြသော်လည်း၊ စားပွဲ တော်၌ စားသောသူတို့နှင့် အတူကိုယ်တော်ကျွန်ကို နေရာပေးတော်မူပြီ။ သို့ဖြစ်၍ ရှင်ဘုရင်ထံတော်၌ ကျွန်တော်မြည်တမ်းရသော အခွင့်သည် အဘယ်သို့ ရှိပါသနည်းဟု ပြန်လျှောက်သော်၊
2 Samuel 19:38ရှင်ဘုရင်ကလည်း၊ ခိမဟံသည် ငါနှင့်အတူ လိုက်ရမည်။ သင် အလိုရှိသည်အတိုင်းသူ၌ ငါပြုမည်။ သင်တောင်းသမျှကိုလည်း သင့်အဘို့ ငါပြုမည်ဟု မိန့်တော်မူ၏။
2 Kings 25:30အသက်ရှည်သမျှနေ့ရက် အစဉ်မပြတ်သူ စားစရာဘို့ ဗာဗုလုန်ရှင်ဘုရင် ပေးသနားတော်မူ၏။ ဓမ္မရာဇဝင်စတုတ္ထစောင်ပြီး၏။
Jeremiah 52:33ယေခေါနိမင်းသည် ထောင်ထဲမှာဝတ်သော အဝတ်ကိုလဲ၍၊ အသက်ရှည်သမျှကာလပတ်လုံး အစဉ် မပြတ်အထံတော်၌ စားသောက်ရ၏။