2 ဓမ္မရာဇဝင်တတိယစောင် 21:19
ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်သည် လူအသက်ကိုသတ် ၍ သူ့ဥစ္စာကို သိမ်းယူ ပြီလော။ တဖန် မိန့် တော်မူသည်ကား၊ ခွေး တို့သည် နာဗုတ် အသွေး ကို လျက် သော အရပ် ၌ သင့် အသွေး ကိုပင် လျက် ကြ လိမ့်မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို လော့ဟု မှာထား တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 21
Cross References
Genesis 3:11ဘုရားသခင်ကလည်း၊ သင် ၌ အဝတ် အချည်းစည်းရှိသည်ကို သင် အား အဘယ်သူ ပြော သနည်း။ မ စား ရဟု ငါပညတ် သော အပင် ၏အသီးကို စား ပြီလောဟု မေး တော်မူ၏။
Judges 1:7အဒေါနိဗေဇက် ကလည်း ၊ လက်မ နှင့် ခြေမဖြတ် သော မင်းကြီး ခုနစ်ဆယ် တို့သည်၊ အထက်က ငါ့ စားပွဲ အောက် ၌ စားနုပ်စားပေါက်ကို ကောက် ၍ စားရကြ၏။ ငါပြု ဘူးသည်အတိုင်း ၊ ဘုရား သခင်သည် ငါ ၌ အပြစ် ပေးတော်မူပြီဟု ဆို ၏။ ထိုမင်း ကို ယေရုရှလင် မြို့သို့ ပို့ ၍ သူသည် ထို မြို့မှာ သေ လေ၏။
2 Samuel 12:11ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် ၌ ရန်ဘက် ပြုသောသူကို သင် ၏အဆွေအမျိုး တို့အထဲက ငါ ပေါ် စေမည်။ သင့် မျက်မှောက် တွင် သင် ၏မယား တို့ကို ငါယူ ၍ သင့် အိမ်နီးချင်း ၌ အပ် သဖြင့် ၊ သူသည် နေ ရှေ့ မှာ သင် ၏မယား တို့နှင့် ပေါင်းဘော် လိမ့်မည်။
2 Kings 6:32ဧလိရှဲ သည် မိမိ အိမ် ၌ ထိုင် ၍ အသက် ကြီးသူတို့ သည် သူ နှင့်အတူ ထိုင် ကြစဉ်၊ ရှင်ဘုရင်သည် မိမိ ရှေ့ မှာ လူ တယောက်ကို စေလွှတ် ၏။ ထိုတမန် မ ရောက် မှီ ဧလိရှဲက၊ လူသတ် ၏သား သည် ငါ့ လည်ပင်း ကို ဖြတ် စေခြင်းငှါ ၊ စေလွှတ် သည်ကို သိမြင် ကြသလော။ ထိုတမန်” ရောက် သောအခါ ၊ တံခါး ကိုပိတ် ၍ ၊ တံခါး နား မှာသူ့ ကို ဆီးတား ကြလော့။ သူ့ နောက် မှာသူ့ သခင် ခြေ သံ မ မြည် သလော ဟု၊”
2 Kings 10:7ထိုစာ ရောက် သောအခါ ၊ ရှင်ဘုရင် ၏ သားတော် ခုနစ်ကျိပ် တို့ကိုယူ ၍ သတ် သဖြင့် ၊ ဦးခေါင်း များကို တောင်း တို့၌ ထည့် ပြီးလျှင် ၊ ယေဇရေလ မြို့၊ ယေဟု ထံသို့ ပေး လိုက် လေ၏
Esther 7:10ထိုသို့ မော်ဒကဲ အဘို့ လုပ် သော လည်ဆွဲ ချတိုင်၌ ဟာမန် ကို ဆွဲ ချကြ၏။ ရှင်ဘုရင် လည်း စိတ် ပြေ တော်မူ ၏။