The Bible Software
bible.software › 2 ဓမ္မရာဇဝင်တတိယစောင် › 2 ဓမ္မရာဇဝင်တတိယစောင် 22 › 2 ဓမ္မရာဇဝင်တတိယစောင် 22:11

2 ဓမ္မရာဇဝင်တတိယစောင် 22:11

ခေနာနာသားဇေဒကိသည် သံဦးချိုတို့ကို လုပ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်တော် သည် ရှုရိလူတို့ကို မဖျက်ဆီးမှီ တိုင်အောင် ဤဦးချိုတို့နှင့် တိုးရမည်ဟုမိန့်တော်မူကြောင်းကို ဆင့်ဆို၏။

1835 Judson Burmese Bible

In The King James Version

And Zedekiah the son of Chenaanah made him horns of iron: and he said, Thus saith the LORD, With these shalt thou push the Syrians, until thou have consumed them.

In Context

10ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှ ဖတ်တို့သည် မင်းမြောက်တန်ဆာကို ဝတ်ဆင်လျက် ရှမာရိမြို့တံခါးဝရှေ့၊ ဟင်းလင်းသော အရပ်၌ ရာဇ ပလ္လင်တို့အပေါ်မှာထိုင်၍၊ ပရောဖက်အပေါင်းတို့သည် ရှေ့တော်၌ ဟောပြောကြ၏။

12ပရောဖက်အပေါင်းတို့ကလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီ၍ အောင်တော်မူပါ။ ထာဝရဘုရား သည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်ဟု ပရောဖက်ပြု၍ ဟောကြ၏။

Read all of 2 ဓမ္မရာဇဝင်တတိယစောင် 22

Cross References

Jeremiah 23:16ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပရောဖက်ပြု၍ သင်တို့အား ဟောတတ်သော ဆရာတို့၏ စကားကို နားမထောင် ကြနှင့်။ သူတို့သည် သင်တို့အား အချည်းနှီးဟောတတ် ကြ၏။ ထာဝရဘုရား၏ နှုတ်တော်ထွက်သို့မလိုက်၊ ကိုယ်အလိုအလျောက် ရူပါရုံကို မြင်သည်အတိုင်း ဟောပြောတတ်ကြ၏။

Jeremiah 23:25ငါသည် အိပ်မက်မြင်ပြီ၊ အိပ်မက်မြင်ပြီဟု၊ ငါ့နာမကို အမှီပြု၍၊ မုသာဖြင့် ဟောပြောသော ပရောဖက်တို့၏ စကားကို ငါကြားပြီ။

Jeremiah 27:2ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား၊ ကြိုးနှင့်ထမ်း ဘိုးများကိုလုပ်၍၊ သင်၏လည်ပင်း၌ တပ်လော့။

Jeremiah 28:10ထိုအခါ ပရောဖက် ဟာနနိသည် ပရောဖက် ယေရမိလည်ပင်း မှ ထမ်းဘိုးကို ယူ၍ချိုးလျက်၊

Ezekiel 13:6အချည်းနှီးသောအရာကို မြင်ကြပြီ။ ထာဝရ ဘုရားစေလွှတ်တော်မမူဘဲ၊ ထာဝရဘုရားမိန့်တော်မူသည် ဟုဆိုလျက်၊ လှည့်စား၍ပရောဖက်ပြုကြပြီ။ ကိုယ်စကား ပြည့်စုံ မည်ဟု သူတပါးယုံစေခြင်းငှါ ပြုကြပြီ။

Micah 3:11မင်းတို့သည် လက်ဆောင်ကို ရခြင်းငှါသာ တရားမှုကို စီရင်တတ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် အခကိုရခြင်းငှါသာ သင်ပေးတတ်ကြ၏။ ပရောဖက်တို့ သည် ငွေကို ရခြင်းငှါသာ အနာဂတ်ကို ဟောတတ်ကြ၏။ သို့သော်လည်း၊ ထာဝရဘုရားကို ခိုလှုံလျက်၊ ထာဝရ ဘုရားသည် ငါတို့တွင် ရှိတော်မူသည်မဟုတ်လော၊ ဘေး ဥပဒ်မရောက်နိုင်ဟု ဆိုတတ်ကြသည်တကား။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 2 ဓမ္မရာဇဝင်တတိယစောင် 22:11

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 2 ဓမ္မရာဇဝင်တတိယစောင် 22:102 ဓမ္မရာဇဝင်တတိယစောင် 222 ဓမ္မရာဇဝင်တတိယစောင် 22:12 →