2 ဓမ္မရာဇဝင်တတိယစောင် 6:23
ဗျာဒိတ်ဌာနတော်ထဲမှာ အမြင့်ဆယ်တောင် ရှိသော ခေရုဗိမ်နှစ်ပါးကို သံလွင်သားနှင့်လုပ်လေ၏။
1835 Judson Burmese Bible
In The King James Version
And within the oracle he made two cherubims of olive tree, each ten cubits high.
In Context
24ခေရုဗိမ်အတောင်တို့သည် တဘက်တချက် အလျားငါးတောင်စီရှိ၍၊ အတောင်ဖျားတခုမှတခု တိုင်အောင် ဆယ်တောင်ရှိ၏။
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 6
Cross References
Genesis 3:24ထိုသို့လူကို နှင်ထုတ်ပြီးလျှင်၊ အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှါ၊ မီးစင်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။
Exodus 25:20ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံးကို ရှုလျက်၊ မိမိအတောင်ကို ဖြန့်၍ သေတ္တာဖုံးကို မိုးရမည်။
2 Chronicles 3:10အလွန်သန့်ရှင်းသော အခန်း၌ခေရုဗိမ်နှစ်ပါး ကို ထုလုပ်၍ ရွှေနှင့်မွမ်းမံ၏။
Psalms 80:1သိုးစုကို ပို့ဆောင်သကဲ့သို့ ယောသပ်အမျိုးကို ပို့ဆောင်တော်မူသော ဣသရေလသိုးထိန်းကြီး၊ နား ထောင်တော်မူပါ။ ခေရုဗိမ်တွင် ကျိန်းဝပ်တော်မူသော ဘုရား၊ ရောင်ခြည်တော်ကို လွှတ်တော်မူပါ။
Ezekiel 10:2ပိတ်အဝတ်ကိုဝတ်သော သူအားလည်း၊ ရထား ဘီးတို့အကြားမှာ ခေရုဗိမ်အောက်သို့ဝင်လော့။ ခေရုဗိမ် အကြားမှာရှိသော မီးခဲတို့ကို လက်နှစ်ဘက်နှင့် ကျုံးပြီး လျှင်၊ မြို့အပေါ်မှာ ဖြန့်ကြဲလော့ဟု မိန့်တော်မူသည် အတိုင်း၊ ထိုသူသည် ငါ့မျက်မှောက်၌သွား၏။
Hebrews 1:14ကောင်းကင်တမန်များတို့ကား၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အမွေခံလတံ့သော သူတို့ကို ပြုစု စေခြင်းငှါ၊ စေလွှတ်တော်မူသော အစေခံ နံဝိညာဉ် ဖြစ်ကြသည် မဟုတ်လော။