2 ဓမ္မရာဇဝင်တတိယစောင် 8:27
သို့ရာတွင် ဘုရားသခင်သည် မြေကြီးပေါ်မှာ ဧကန်အမှန် ကျိန်းဝပ်တော်မူမည်လော။ ကောင်းကင်နှင့် ကောင်းကင်တကာတို့၏ အထွဋ်အမြင့်ဆုံးသော ကောင်း ကင်သည် ကိုယ်တော်ကို မဆံ့မခံနိုင်သည် ဖြစ်၍၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဘွယ် ရာရှိပါသနည်း။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 8
Cross References
2 Chronicles 2:5ငါတည်ဆောက်ရသော အိမ်တော်သည် ကြီးရ မည်။ ငါတို့ဘုရား သခင်သည် ဘုရားတကာတို့ထက် ကြီးမြတ်တော်မူ၏။
2 Chronicles 6:18သို့ရာတွင်ဘုရားသခင်သည် မြေကြီးပေါ်မှာ လူတို့တွင် ဧကန် အမှန်ကျိန်းဝပ်တော်မူမည်လော။ ကောင်းကင်နှင့် ကောင်းကင်တကာတို့၏အထွဋ်၊ အမြင့် ဆုံးသော ကောင်းကင်သည်ကိုယ်တော်ကို မဆံ့မခံနိုင် သည်ဖြစ်၍၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဘွယ်ရာ ရှိပါသနည်း။
Psalms 139:7ဝိညာဉ်တော်နှင့်လွတ်ခြင်းအလိုငှါ အဘယ် အရပ်သို့ သွားနိုင်ပါမည်နည်း။ မျက်နှာတော်နှင့် လွတ်ခြင်းအလိုငှါ အဘယ်အရပ်သို့ ပြေးနိုင်ပါမည်နည်း။
Isaiah 66:1ထာဝရဘုရားမိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ့ခြေတင် ရာခုံဖြစ်၏။ အဘယ်သို့သော ဗိမာန်ကို ငါ့အဘို့ တည်ဆောက်ကြမည်နည်း။ အဘယ်အရပ်သည် ငါကျိန်းဝပ်ရာ အရပ်ဖြစ်မည်နည်း။
John 1:14နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။
Acts 17:24လောကဓာတ်မှစ၍ လောကဓာတ်၌ ရှိလေသမျှ သောအရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင် သည်၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသော အရှင်ဖြစ်၍၊ လူတို့လက်ဖြင့် လုပ်သော ဗိမာန်၌ ကျိန်းဝပ်တော်မူသည်မဟုတ်။