2 ဓမ္မရာဇဝင်တတိယစောင် 8:28
သို့သော်လည်း အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ ယနေ့ ကြွေးကြော်လျက် ပဌနာပြု၍ တောင်းလျှောက်သော စကားကို နားခံနာယူတော်မူပါ။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 8
Cross References
2 Chronicles 6:19သို့သော်လည်း အိုအကျွန်ုပ်ဘုရားသခင် ထာဝရ ဘုရား၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ ယနေ့ကြွေး ကြော်လျက် ပဌနာပြု၍ တောင်းလျှောက်သော စကားကို နားခံနာယူတော်မူပါ။
Psalms 4:1အကျွန်ုပ်ကိုဖြောင့်မတ်စေတော်မူသော ဘုရား၊ အကျွန်ုပ်ခေါ်သောအခါ နားထောင်တော်မူပါ။ အကျွန်ုပ် သည်ဆင်းရဲစဉ်တွင် ကိုယ်တော်သည် ချမ်းသာပေးတော် မူပါပြီ။ ယခုလည်းသနား၍ အကျွန်ုပ်၏ ပဌနာစကား ကို နားထောင်တော်မူပါ။
Psalms 5:2အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းသည်ဖြစ်၍၊ အကျွန်ုပ်အော်ဟစ်သောအသံကို နားထောင်တော်မူပါ။
Psalms 86:6အို ထာဝရဘုရား၊ အကျွန်ုပ်၏ ပဌနာစကားကို နားထောင်တော်မူပါ။ အသနားတော်ခံသော စကားသံကို မှတ်တော်မူပါ။ ဘေးရောက်သည် ကာလ၊ ကိုယ်တော်ကို ခေါ်ပါမည်။
Psalms 141:2အကျွန်ုပ်၏ ပဌနာသည်မီးရှို့သော နံ့သာပေါင်း ကဲ့သို့၎င်း၊ လက်ကိုချီခြင်းသည် ညဦးယံပူဇော်သက္ကာ ကဲ့သို့၎င်း၊ ရှေ့တော်၌ပြင်ဆင်လျက် ရှိပါစေသော။
Daniel 9:17ယခုမူကား၊ အကျွန်ုပ်တို့ဘုရားသခင်၊ ကိုယ် တော်၏ ကျွန်ပြုသော ပဌနာစကားကို နားထောင်တော် မူပါ။ ဆိတ်ညံလျက်ရှိသော သန့်ရှင်းရာဌာနတော်ကို ဘုရားရှင်၏ အကျိုးတော်ကြောင့်၊ မျက်နှာတော် ရောင်ခြည်ကို ထွန်းလင်းစေတော်မူပါ။