ရှင်ပေတရုဩဝါဒစာပထမစောင် 3:4
ဘုရားသခင့် ရှေ့ မှာ အဘိုး များစွာထိုက်သော နူးညံ့ ငြိမ်သက် ခြင်းသဘော တည်းဟူသောမ ဖောက်ပြန်မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ် နှလုံး၏ အတွင်း လူ ဖြစ် စေကြလော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ပေတရုဩဝါဒစာပထမစောင် 3
Cross References
Psalms 25:9နှိမ့်ချ လျက်ရှိသောသူတို့ ကို တရား လမ်း၌ သွေးဆောင် တော်မူ၏။ နှိမ့်ချ လျက်ရှိသောသူတို့အား ခရီး တော်တို့ကို သွန်သင် တော်မူ၏။
Psalms 51:6ဟုတ်မှန် ဖြောင့်မတ် သော စိတ် နှလုံးကို နှစ်သက် တော်မူသည်ဖြစ်၍ ၊ အကျွန်ုပ် ၏ စိတ် နှလုံးထဲမှာ ပညာ ကို သွန်သင် တော်မူပါ။
Psalms 147:6ထာဝရဘုရား သည် စိတ် နှိမ့်ချသောသူတို့ ကို ကြွပင့် ၍၊ မ တရားသောသူတို့ ကိုကား၊ မြေ ပေါ် မှာ လှဲ တော်မူ၏။
Psalms 149:4အကြောင်း မူကား၊ ထာဝရဘုရား သည် မိမိ လူစု ကို နှစ်သက် တော်မူ၏။ စိတ် နှိမ့်ချသောသူတို့ကို ကယ်တင် ခြင်းအားဖြင့် အသရေ တင့်တယ်စေတော်မူ၏။
Isaiah 29:19စိတ်နှိမ့်ချ သောသူတို့ သည် ထာဝရဘုရား ကို အမှီပြု ၍၊ ဝမ်းမြောက် ခြင်း တိုး ပွါးကြလိမ့်မည်။ လူ တို့တွင် ဆင်းရဲ သောသူတို့သည် ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို အမှီပြု ၍ ရွှင်လန်း ကြလိမ့်မည်။
Isaiah 61:1ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ငါ့ အပေါ် မှာ တည်တော်မူ၏။ အကြောင်း မူကား၊ ဆင်းရဲ သားတို့ အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြော စေခြင်းငှါ ၊ ငါ့ ကို ဘိသိက် ပေးတော်မူပြီ။ နှလုံး ကြေကွဲ သောသူတို့၏ အနာကို စည်း စေခြင်းငှါ ၎င်း၊ ဘမ်း သွားချုပ်ထားလျက် ရှိသောသူတို့ အား လွှတ်ခြင်း အကြောင်းနှင့်၊ အကျဉ်းခံ လျက်ရှိသောသူတို့ အား ထောင်တံခါးဖွင့် ခြင်း အကြောင်းကို ပြစေခြင်းငှါ၎င်း၊