2 ဓမ္မရာဇဝင်ပထမစောင် 11:1
ထိုနောက်မှ အမ္မုန်အမျိုးသား နာဟတ်သည်လာ၍ ဂိလဒ်ပြည်ယာဗက်မြို့အနားမှာ တပ်ချလျှင်၊ မြို့သားအပေါင်းတို့က အကျွန်ုပ်တို့နှင့် မိဿဟာယဖွဲ့တော်မူပါ။ ကိုယ်တော်ထံ၌ ကျွန်ခံပါမည်ဟု နာဟတ်မင်းအားလျှောက်သော်လည်း၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 11
Cross References
Exodus 23:32သူတို့နှင့်၎င်း၊ သူတို့ဘုရားများနှင့်၎င်း၊ သင်သည် မိဿဟာယမဖွဲ့ရ။
Judges 10:7ထာဝရဘုရားသည် ဣသရေလအမျိုးကို အမျက်ထွက်၍ ဖိလိတ္တိလူတို့၌၎င်း၊ အမ္မုန်အမျိုးသားတို့၌ ၎င်း၊ ရောင်းတော်မူသဖြင့်၊
Judges 11:8ဂိလဒ်ပြည်သား အသက်ကြီးသူတို့ကလည်း၊ ထိုကြောင့် ငါတို့သည် ယခု သင့်ထံသို့ ပြန်လာပါ၏။ ငါတို့နှင့်အတူ ကြွ၍ အမ္မုန်လူတို့ကို စစ်တိုက်ပြီးလျှင်၊ ဂိလဒ်ပြည်သားအပေါင်းတို့၏ အထွဋ်လုပ်ပါဟု ယေဖသအား တောင်းပန်ပြန်သော်၊
Judges 21:10ထိုအခါ စုဝေးသော သူတို့သည် စစ်သူရဲတသောင်းနှစ်ထောင်တို့ကို စေလွှတ်လျက်၊ သင်တို့သည် သွား၍ ဂိလဒ်ပြည် ယာဗက်မြို့သားယောက်ျား မိန်းမသူငယ်တို့ကို ထားနှင့်လုပ်ကြံကြလော့။
1 Samuel 31:11ရှောလု၌ ဖိလိတ္တိလူတို့ ပြုသောအမှုကို ဂိလဒ်ပြည် ယာဗက်မြို့သားများကြားလျှင်၊
2 Samuel 10:1ထိုနောက် အမ္မုန်ရှင်ဘုရင်သည် သေ၍ သားတော်ဟာနုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။