2 ဓမ္မရာဇဝင်ပထမစောင် 11:7
နွားတရှဉ်းကို ယူ၍ ခုတ်ဖြတ်ပြီးမှ၊ သံတမန်တို့လက်တွင် ဣသရေလပြည် တရှောက်လုံးသို့ ပေးလိုက် ၍၊ ရှောလုနှင့်ရှမွေလနောက်သို့ ထွက်၍မလိုက်သောသူ၏ နွားတို့ကို ဤကဲ့သို့ပြုမည်ဟု ကြော်ငြာစေသ ဖြင့်၊ လူတို့သည် ထာဝရဘုရားကို ကြောက်၍ တညီတညွတ်တည်း ထွက်လာကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
6ထိုသိတင်းကို ရှောလုကြားသောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော် သက်ရောက်၍ ထိုသူသည် ပြင်းစွာ အမျက်ထွက်လျက်၊
8ဗေဇက်မြို့၌ တပ်စာရင်းယူသောအခါ၊ ဣသရေလအမျိုးသား သုံးသိန်း၊ ယုဒအမျိုးသား သုံးသောင်း ရှိကြ၏။
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 11
Cross References
Genesis 35:5သူတို့ပြောင်းသွား ကြသောအခါ၊ပတ်ဝန်းကျင် မြို့သားတို့သည်၊ ဘုရားသခင်ကို ကြောက်ရွံ့၍၊ ယာကုပ် သားတို့ကို မလိုက်ဝံ့ဘဲနေကြ၏။
Judges 20:1ထိုအခါ ဣသရေလအမျိုးသားအပေါင်းတို့သည်၊ ဂိလဒ်ပြည်သားတို့နှင့်တကွ ထလျက်၊ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ပရိသတ်အပေါင်းတို့သည် တယောက်သောသူကဲ့သို့ မိဇပါမြို့၊ ထာဝရဘုရား ထံတော်၌ စည်းဝေးကြ၏။
2 Chronicles 14:14ဂေရာမြို့ပတ်ဝန်းကျင်မြို့သားတို့သည် ထာဝရ ဘုရားကို ကြောက်ရွံ့သောစိတ်ရှိသဖြင့်၊ ယုဒလူတို့သည် ထိုမြို့ရှိသမျှတို့ကို လုပ်ကြံ၍၊ သိုထားနှင့်သော ဘဏ္ဍာ ဥစ္စာအများတို့ကို သိမ်းယူကြ၏။
2 Chronicles 19:7သို့ဖြစ်၍ ထာဝရဘုရားကို ကြောက်ရွံ့သော စိတ်ရှိ၍ သတိပြုကြလော့။ ငါတို့ဘုရားသခင်သည် မတရားသောအမှုကို လက်ခံခြင်း၊ လူမျက်နှာကို ထောက် ခြင်း၊ တံစိုးစားခြင်း အခွင့်ရှိတော်မမူဟု မှာထားတော် မူ၏။