2 ဓမ္မရာဇဝင်ပထမစောင် 12:23
ငါမူကား သင်တို့အဘို့ ဆုမတောင်းဘဲ နေသဖြင့်၊ ထာဝရဘုရားကို ပြစ်မှားခြင်းအမှုသည် ငါနှင့် ဝေးပါစေသော။ ကောင်းမွန်ဖြောင့်မတ်သော လမ်းကိုလည်း သင်တို့အား ငါပြသဦးမည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 12
Cross References
1 Samuel 8:6ထိုသို့ အကျွန်ုပ်တို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ပေးပါလော့ဟု လျှောက်သောအမှုကို ရှမွေလသည် မနှစ်သက်သောကြောင့် ထာဝရဘုရားအား ဆုတောင်းလေ၏။
2 Chronicles 6:27ကောင်းကင်ဘုံ၌နားထောင်၍ ကိုယ်တော်၏ ကျွန်၊ ကိုယ်တော်၏လူဣသရေလအမျိုးတို့ကို အပြစ်မှ လွှတ်တော်မူပါ။ သူတို့လိုက်ရသော လမ်းကောင်းကို ပြညွှန်၍၊ ကိုယ်တော်၏ လူတို့အား အမွေပေးသော မြေ ပေါ်မှာ မိုဃ်းရွာစေတော်မူပါ။
Psalms 34:12ကောင်းမွန်သောအရာကို တွေ့မြင်မည် အကြောင်း၊ အသက်ရှင်ခြင်းနှင့်တကွ နေ့ရက်ကာလကို တောင့်တလိုချင်သော သူမည်သည်ကား၊
Proverbs 4:11ပညာလမ်းကိုငါပြသ၍၊ မှန်သောလမ်းခရီးတို့၌ သင့်ကိုငါပို့ဆောင်၏။
Isaiah 30:21သင်သည် လက်ျာဘက်၊ လက်ဝဲဘက်သို့လမ်းလွဲ လျှင်၊ ဤမည်သောလမ်းသည် မှန်၏။ ဤလမ်း၌သွား လော့ဟု သင့်နောက်၌ပြောသောစကားသံကို ကိုယ်နား နှင့် ကြားရလိမ့်မည်။
Jeremiah 15:1တဖန်ထာဝရဘုရားသည် ငါ့အားမိန့်တော်မူ သည်ကား၊ မောရှေနှင့်ရှမွေလသည် ငါ့ရှေ့မှာ ဆုတောင်း သော်လည်း၊ ဤလူမျိုးကို ငါမသနား။ ငါ့ထံမှ ထွက်သွား စေခြင်းငှါ နှင်ထုတ်လော့။