2 ဓမ္မရာဇဝင်ပထမစောင် 15:12
နံနက်စောစောထ၍ ရှောလုကို ကြိုဆိုခြင်းငှါ သွားသောအခါ၊ ရှောလုသည် ကရမေလမြို့သို့ ရောက်၍ အောင်တိုင်ကို စိုက်ပြီးမှ၊ လှည့်လည်သဖြင့် ဂိလဂါလမြို့သို့ လွန်သွားကြောင်းကို ကြားသောကြောင့်၊ ရှောလုရှိရာသို့ သွားလေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 15
Cross References
Joshua 4:8ဣသရေလအမျိုးသားတို့သည် ပြုကြ၏။ ထာဝရဘုရားသည် ယောရှုအား မိန့်တော်မူသည်နှင့် အညီ၊ ဣသရေလအမျိုး အရေအတွက်အတိုင်း၊ ယော်ဒန် မြစ်ထဲက ကျောက်တဆယ်နှစ်လုံးကို ယူပြီးမှ၊ စားခန်းချ ရာအရပ်သို့ ထမ်းသွား၍ ထားကြ၏။
1 Samuel 7:12ထိုအခါ ရှမွေလသည် ကျောက်ကို ယူ၍ မိဇပါမြို့နှင့်ရှင်မြို့စပ်ကြားမှာ ထူထောင်သဖြင့်၊ ထာဝရ ဘုရားသည် ငါတို့ကို ယခုတိုင်အောင် မစတော်မူပြီဟုဆိုလျက်၊ ထိုကျောက်ကို ဧဗနေဇာအမည်ဖြင့် မှည့်လေ၏။
1 Samuel 25:2ထိုအခါ မောနအရပ်၌ နေ၍ ကရမေလမြို့၌ ဥစ္စာများသော သူတဦးရှိ၏။ ထိုသူသည် လူကြီးဖြစ်၍၊ သိုးသုံးထောင်၊ ဆိတ်တထောင်ကို ရတတ်၏။ ကရမေလမြို့မှာ သိုးမွေးကို ညှပ်၍နေ၏။
2 Samuel 23:35ကရမေလ အမျိုးဟေဇရဲ၊ အာဘိအမျိုးဖာရဲ၊
2 Chronicles 26:10တော၌လည်းရဲတိုက်တို့ကို တည်၏။ ရေတွင်း များကိုလည်း တူ၏။ ချိုင့်ဝှမ်းရာ အရပ်နှင့်မြေညီရာ အရပ်၌ များစွာသော သိုးနွားတို့ကို ဆည်းဖူး၍ တောင် အရပ်၊ မြေကောင်းသောအရပ်၌ လယ်လုပ်သောသူနှင့် စပျစ်ဥယျာဉ် ပြုစုသောသူတို့ကိုလည်း စေစား၏။ ထိုသို့ သော အမှုများကို ဝါသနာရှိ၏။