2 ဓမ္မရာဇဝင်ပထမစောင် 16:1
တဖန် ထာဝရဘုရားက၊ ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့်၊ သင်သည် အဘယ်မျှ ကာလပတ်လုံး စိတ်မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင်၏ဘူးကို ဆီနှင့် ပြည့်စေလော့။ ဗက်လင်မြို့သား ယောရှဲရှိရာသို့ ငါစေလွှတ်မည်။ သူ၏သားတို့တွင် ငါ့အဘို့ ရှင်ဘုရင် တပါးကို ငါပြင်ဆင်ပြီဟု ရှမွေလအား မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 16
Cross References
Genesis 49:8အိုယုဒ၊ သင်သည်ညီအစ်ကိုတို့ ချီးမွမ်းရသော သူဖြစ်၏။ သင်၏လက်သည် သင်၏ရန်သူလည်ပင်းပေါ် မှာ ရှိလိမ့်မည်။ အဘ၏သားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ချကြလိမ့်မည်။
1 Samuel 9:16ဤအချိန်၌ ဗင်္ယာမိန်ပြည်မှ လူတယောက်ကို သင်ရှိရာသို့ ငါစေလွှတ်မည်။ သင်သည် ထိုသူကို ငါ၏လူ ဣသရေလအမျိုး၏ မင်းအရာ၌ ခန့်ထား၍ ဆီလောင်းခြင်းဘိသိက်ကို ပေးရမည်။ သူသည် ငါ၏ လူတို့ကို ဖိလိတ္တိ လူတို့လက်မှ ကယ်တင်ရလိမ့်မည်။ ငါသည် သူတို့အော်ဟစ်သံကိုကြား၍၊ သူတို့ကို ကြည့်ရှုသည်ဟု ရှမွေလနားအပါး၌ မိန့်တော်မူနှင့်ပြီ။
1 Samuel 13:13ရှမွေလကလည်း သင်သည် မှားပြီ။ သင်၏ ဘုရားသခင် ထာဝရဘုရား ထားတော်မူသော ပညတ်တရားကို မစောင့်ပါတကား။ စောင့်မိလျှင်၊ ထာဝရဘုရားသည် ဣသရေလအမျိုး၌ သင်၏ အာဏာကို ယခုမှစ၍ အစဉ်အမြဲ တည်စေတော်မူပြီ။
1 Samuel 15:11ငါသည် ရှောလုကို ရှင်ဘုရင်အရာ၌ ခန့်ထားသည်အမှုကြောင့် နောင်တရ၏။ သူသည် ငါ၏ ပညတ်တို့ကို မကျင့်၊ ငါ့နောက်သို့မလိုက်၊ လမ်းလွှဲပြီဟု မိန့်တော်မူ၏။ ရှမွေလသည် ဝမ်းနည်း၍ တညဉ့်လုံး ထာဝရဘုရားအား ဟစ်ကြော်ပြီးလျှင်၊
1 Samuel 15:26ရှမွေလက၊ သင်နှင့်အတူ ငါမပြန်။ သင်သည် ထာဝရဘုရား၏ အမိန့်တော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ဣသရေလ ရှင်ဘုရင်အရာကို နှုတ်၍ သင့်ကို ပယ်တော်မူပြီဟု ရှောလုအား ဆိုပြီးမှ၊
1 Samuel 16:15ရှောလု၏ ကျွန်တို့ကလည်း၊ ယခုမှာ ဘုရားသခင်ထံတော်က ဆိုးသော ဝိညာဉ်သည် ကိုယ်တော်ကို နှောင့်ရှက်တတ်ပါ၏။