2 ဓမ္မရာဇဝင်ပထမစောင် 17:47
ထာဝရဘုရားသည် ထားလှံအားဖြင့် ကယ်တင်တော်မမူကြောင်းကို၊ ဤပရိသတ်အပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် စစ်မှုကို ပိုင်၍၊ ငါတို့လက်သို့ အပ်နှံတော် မူမည်ဟု ဖိလိတ္တိလူအား ဆို၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 17
Cross References
1 Samuel 14:6ယောနသန်က၊ အရေဖျားလှီးခြင်းကို မခံသော တပ်သားတို့ဆီသို့ သွားကြကုန်အံ့။ ထာဝရဘုရား သည် ငါတို့အမှုကို စောင့်ကောင်း စောင့်တော်မူလိမ့်မည်။ လူများသော်၎င်း၊ နည်းသော်၎င်း၊ ထာဝရ ဘုရား ကယ်တင်တော်မူခြင်းကို အဆီးအတား မရှိနိုင်ဟု လက်နက်ဆောင် လုလင်အား ပြောဆိုလျှင်၊
2 Chronicles 20:15ထိုသူက၊ အိုယောရှဖတ်မင်းကြီးနှင့် ယုဒပြည်သူ၊ ယေရုရှလင်မြို့ သားအပေါင်းတို့၊ နားထောင်ကြလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုအလုံးအရင်းကြီး ကြောင့် မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ စစ်မှုသည် သင်တို့တာမဟုတ်၊ ဘုရားသခင့်တာဖြစ်၏။
Psalms 33:16ရှင်ဘုရင်မည်သည်ကား၊ များစွားသောအလုံး အရင်းအားဖြင့် ချမ်းသာမရ။ သူရဲသည်လည်း ခွန်အား ကြီးသောအားဖြင့် ကယ်လွှတ်ခြင်းသို့မရောက်။
Psalms 44:7ကိုယ်တော်သာလျှင် အကျွန်ုပ်တို့ကို ရန်သူလက် မှကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တို့အား မုန်းသော သူများကိုလည်း အရှက်ကွဲစေတော်မူ၏။
Proverbs 21:30ထာဝရဘုရားတဘက်၌ ဉာဏ်မတည်၊ ပညာ မတည်၊ အကြံတစုံတခုမျှ မတည်နိုင်။
Hosea 1:7ယုဒအမျိုးကိုကား သနားစုံမက်ဦးမည်။ သို့ရာ တွင် လေး၊ ထား၊ စစ်တိုက်၊ လက်နက်၊ မြင်း၊ မြင်းစီးသူရဲ အားဖြင့် မကယ်တင်၊ သူတို့၏ ဘုရားသခင် ထာဝရ ဘုရားအားဖြင့် ကယ်တင်မည်ဟု မိန့်တော်မူ၏။