2 ဓမ္မရာဇဝင်ပထမစောင် 17:52
ထိုအခါ ဣသရေလအမျိုး၊ ယုဒအမျိုးသားတို့သည် ထ၍ ကြွေးကြော်လျက် ချိုင့်တိုင်အောင်၎င်း၊ ဧကြုန်မြို့ တံခါးတိုင်အောင်၎င်း၊ ဖိလိတ္တိလူတို့ကို လိုက်ကြ၏။ ထိခိုက်သော ဖိလိတ္တိလူတို့သည် ရှာရိမ်မြို့ လမ်းနားမှစ၍ ဂါသမြို့၊ ဧကြုန်မြို့တိုင်အောင် လဲကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
53ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိလူတို့ကို လိုက်ရာမှ ပြန်လာ၍ သူတို့တဲများကို လုယူကြ၏။
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 17
Cross References
Joshua 15:33ချိုင့်၌လည်း ဧရှတောလမြို့၊ ဇောရာမြို့၊ အာရှ နာမြို့၊
Joshua 15:45ထိုမှတပါး ဧကြုန်မြို့နှင့်သူဆိုင်သော မြို့ရွာများ၊
1 Samuel 5:8လူကိုစေလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်ကို အဘယ်သို့ ပြုရပါမည်နည်းဟု မေးကြ၏။ မင်းများကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင့်သေတ္တာတော်ကို ဂါသမြို့သို့ ဆောင်သွားစေဟု စီရင်သည်အတိုင်း ဆောင်သွားကြ၏။
1 Samuel 14:21အထက်ကာလ၌ ဖိလိတ္တိလူတို့ဘက်မှာနေ၍ အရပ်ရပ်တို့က တပ်သို့ လိုက်လာသော ဟေဗြဲလူတို့ သည်လည်း ရှောလုနှင့် ယောနသန်၌ ပါသောဣသရေလလူတို့ဘက်သို့ ဝင်ကြ၏။
1 Kings 20:21ဣသရေလရှင်ဘုရင်သည်လည်း ထွက်၍ မြင်းတပ်၊ ရထားတပ်များကို ဖျက်၍ ရှုရိလူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်လေ၏။