2 ဓမ္မရာဇဝင်ပထမစောင် 22:1
ဒါဝိဒ်သည် ထိုအရပ်မှပြေး၍ အဒုလံဥမင်သို့ ဘေးလွတ်လျက် ရောက်လေ၏။ သူအစ်ကိုများ၊ အဆွေ အမျိုးများအပေါင်းတို့သည် ကြားလျှင် သူ့ထံသို့ သွားကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 22
Cross References
Genesis 38:1ထိုကာလအခါ ယုဒသည် ညီအစ်ကိုနေရာမှ သွား၍၊ ဟိရအမည်ရှိသော၊ အဒုလံအမျိုးသားထံသို့ ဝင်လေ၏။
Joshua 15:35ယာမုတ်မြို့၊ အဒုလံမြို့၊ စောခေါမြို့၊ အဇေကာ မြို့၊
1 Samuel 24:4ဒါဝိဒ်၏လူတို့ကလည်း၊ ထာဝရဘုရားက၊ သင်၏ရန်သူကို သင့်လက်၌ ငါအပ်မည်။ သူ၌ သင်ပြုချင်တိုင်းပြုရသော အခွင့်ရှိလိမ့်မည်ဟု ကိုယ်တော်အား အမိန့်ပေးတော်မူသော နေ့ရက် ရောက်ပါပြီဟု ဆိုကြလျှင်၊ ဒါဝိဒ်သည် ထ၍ ရှောလု ဝတ်လျက်ရှိသော အင်္ကျီအောက်ပိုင်းကို တိတ်ဆိတ်စွာ လှီးဖြတ်လေ၏။
1 Chronicles 11:15ဗိုလ်စုအဝင်သုံးယောက်တို့သည် ဒါဝိဒ်ရှိရာ ကျောက်ကြား၊ အဒုလံဥမင်သို့ ဆင်းသွား၍၊ ဖိလိတ္တိလူတို့ သည် ရေဖိမ်ချိုင့်၌ တပ်ချလျက် ရှိကြ၏။
Psalms 57:1အိုဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ။ သနားတော်မူပါ။ ဘေးမလွန်မှီတိုင်အောင် အကျွန်ုပ်၏ ဝိညာဉ်သည် ကိုယ်တော်ကို ခိုလှုံပါ၏။ အတောင်တော် အရိပ်၌ ခိုလှုံပါ၏။
Micah 1:3ထာဝရဘုရားသည် ကျိန်းဝပ်တော်မူရာ အရပ် ဌာနတော်ထဲက ထွက်ကြွဆင်းသက်၍၊ မြင့်သော မြေ အရပ်တို့ကို နင်းတော်မူမည်။