2 ဓမ္မရာဇဝင်ပထမစောင် 22:10
အဟိမလက်သည် ယေရှဲ၏သားအဘို့ ထာဝရဘုရားထံတော်၌ မေးမြန်း၍ စားစရိတ်ကို၎င်း၊ ဖိလိတ္တိလူ ဂေါလျတ်၏ ထားကို၎င်း ပေးပါ၏ဟု ကြားလျှောက်လျှင်၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 22
Cross References
Numbers 27:21ထိုသူသည် ယဇ်ပုရောဟိတ် ဧလာဇာရှေ့မှာ ရပ်သောအခါ၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရား ရှေ့တော်၌ ဥရိမ်စီရင်ဆုံးဖြတ်သော တရားအတိုင်း၊ သူ့အတွက် မေးမြန်းရမည်။ သူစီရင်သည်အတိုင်း၊ သူနှင့်အတူ ဣသရေလအမျိုးသား ပရိသတ် အပေါင်းတို့ သည် ထွက်ဝင်ရကြမည်ဟု ထာဝရဘုရားသည် မောရှေ အား မှာထားတော်မူသည်အတိုင်း မောရှေပြုလျှက်၊ ယောရှုကိုခေါ်၍ ယဇ်ပုရောဟိတ် ဧလာဇာရှေ့၊ ပရိသတ် အပေါင်းတို့ရှေ့၌ ထားပြီးလျှင်၊
1 Samuel 21:6ယဇ်ပုရောဟိတ်သည် ရှေ့တော်မုန့်မှ တပါးအခြားသော မုန့်မရှိသောကြောင့် သန့်ရှင်းသော မုန့်ကိုပေး၏။ ထိုရှေ့တော်မုန့်စား၌ မုန့်သစ်ကို တင်ထားအံ့သောငှါ ထာဝရဘုရားရှေ့တော်မှ နှုတ်ပယ် နှင့်ပြီ။
1 Samuel 21:10ထိုနေ့၌ ဒါဝိဒ်သည် ရှောလုကို ကြောက်သောကြောင့် ထ၍ ဂါသမင်းကြီးအာခိတ်ထံသို့ ပြေးသွား၏။
1 Samuel 22:15ထိုကာလ၌ အကျွန်ုပ်သည် ဒါဝိဒ်အဘို့ ဘုရားသခင့်ထံတော်၌ မေးမြန်းစပြုသလော။ ထိုအမှု ဝေးပါစေသော။ ရှင်ဘုရင်သည် ကိုယ်တော်ကျွန်နှင့် ကျွန်တော်၏အဆွေအမျိုး တစုံတယောက်၌မျှ အပြစ်တင်တော်မမူပါနှင့်၊ ကိုယ်တော်ကျွန်သည် ဤအမှုကို အကြီးအငယ်အားဖြင့်မျှ မသိပါဟု ရှင်ဘုရင်အား လျှောက်လေ၏။
1 Samuel 23:4တဖန်ဒါဝိဒ်သည် ထပ်၍ ထာဝရဘုရားအား မေးလျှောက်လျှင်၊ ထာဝရဘုရားက၊ ထ၍ ကိလမြို့သို့ သွားလော့။ ဖိလိတ္တိလူတို့ကို သင့်လက်၌ ငါအပ်မည်ဟု မိန့်တော်မူသည်အတိုင်း၊
1 Samuel 30:8ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ထိုအလုံးအရင်းကို လိုက်ရပါမည်လော။ လိုက်လျှင် မှီနိုင်ပါမည်လောဟု ထာဝရဘုရားကို မေးလျှောက်သော်၊ လိုက်လော့။ ဆက်ဆက်မှီ၍ အလုံးစုံတို့ကို ရပြန်မည်ဟု မိန့်တော်မူသည်အတိုင်း၊