2 ဓမ္မရာဇဝင်ပထမစောင် 24:16
ထိုသို့ဒါဝိဒ်သည် ရှောလုအား အကုန်အစင် လျှောက်ဆိုပြီးမှ၊ ရှောလုက ငါ့သားဒါဝိဒ်၊ ငါကြားသော စကားသံသည် သင့်စကားသံလောဟုမေးလျှင် အသံကို လွှင့်၍ ငိုကြွေးလေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 24
Cross References
Genesis 33:4ထိုအခါ ဧသောသည် ကြိုဆိုခြင်းငှါ ပြေးလာ၍၊ လည်ချင်းရှက်လျက်၊ ပိုက်ဘက်နမ်းရှုတ်ခြင်းကိုပြု၍၊ နှစ်ယောက်စလုံးတို့သည် ငိုကြွေးကြ၏။
1 Samuel 26:17ရှောလုသည် ဒါဝိဒ်စကားသံကို သိ၍ ငါ့သားဒါဝိဒ်၊ ငါကြားသော စကားသံသည် သင့်စကားသံလောဟု မေးလျှင် ဒါဝိဒ်က ကျွန်တော်စကားသံမှန်ပါ၏။ ကျွန်တော်သခင်အရှင်မင်းကြီးဟု လျှောက်လေ၏။
1 Chronicles 12:18ဝိညာဉ်တော်သည် ဗိုလ်ချုပ်အာမသဲအပေါ်မှာ သက်ရောက်၍၊ အိုဒါဝိဒ်၊ ကျွန်တော်တို့သည် ကိုယ်တော် ၏လူ၊ အိုယေရှဲ၏သားတော်၊ ကိုယ်တော်ဘက်သို့ ဝင်စား သောသူဖြစ်ပါ၏။ ကိုယ်တော်၌ မင်္ဂလာရှိပါစေသော။ မင်္ဂလာရှိပါစေသော။ ကိုယ်တော်ကိုမစသောသူ၌ မင်္ဂလာ ရှိပါစေသော။ ကိုယ်တော်၏ဘုရားသခင်သည် ကိုယ် တော်ကို မစတော်မူပါစေသောဟု ပြန်ပြောလေသော်၊ ဒါဝိဒ်သည် သူတို့ကို လက်ခံ၍ ဗိုလ်အရာ၌ ခန့်ထား လေ၏။
Psalms 119:154အကျွန်ုပ် အမှုကို စောင့်၍ အကျွန်ုပ်ကိုရွေးနှုတ် တော်မူပါ။ ဗျာဒိတ်တော်အားဖြင့် အသက်ရှင်စေတော် မူပါ။
Proverbs 25:11လျောက်ပတ်သော စကားသည် ငွေအပြောက် မှာ စီချယ်သော ရွှေရှောက်ချိုသီးနှင့်တူ၏။
Acts 6:10သူဟောပြော၍သုံးစွဲသောပညာနှင့် ဝိညာဉ်တော် ကို မခံမဆီးနိုင် ကြ။