2 ဓမ္မရာဇဝင်ပထမစောင် 24:9
ဒါဝိဒ်သည် ကိုယ်တော်၏အကျိုးကို ဖျက်ခြင်းငှါ ရှာကြံသည်ဟု လူအချို့ပြောသောစကားကို အဘယ်ကြောင့် နားထောင်တော်မူသနည်း။
1835 Judson Burmese Bible
In The King James Version
And David said to Saul, Wherefore hearest thou men’s words, saying, Behold, David seeketh thy hurt?
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 24
Cross References
Leviticus 19:16သူ့အသရေပျက်သော သိတင်းကို ကြားပြောခြင်းငှါ၊ ကိုယ်အမျိုးသားချင်းတို့တွင် မလှည့်လည်ရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှါ မကြံစည်ရ။ ငါသည် ထာဝရဘုရား ဖြစ်၏။
1 Samuel 26:19ယခုမှာ ကျွန်တော်သခင်ရှင်ဘုရင်၊ ကိုယ်တော်ကျွန်တော်စကားကို နားညောင်းတော်မူပါ။ ထာဝရဘုရားသည် ကိုယ်တော်ကို ကျွန်တော်တဘက်၌ နှိုးဆော်တော်မူသည် မှန်လျှင်၊ ယဇ်ပူဇော်ခြင်းကို လက်ခံတော်မူပါစေသော။ သို့မဟုတ် လူသားတို့ နှိုးဆော်သည် မှန်လျှင်၊ ထာဝရဘုရား ရှေ့တော်၌ ကျိန်ခြင်းကို ခံကြပါစေသော။ အကြောင်းမူကား၊ သူတို့က သွားတော့။ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုတော့ဟု ဆိုလျက် ကျွန်တော်ကို ထာဝရဘုရား၏ အမွေတော်မြေ၌ မနေစေခြင်းငှါ ယနေ့ပင် နှင်ထုတ်ကြပါသည်တကား။
Psalms 141:6သူတို့၏အကဲအမှုးတို့သည် ကျောက်တွင်းနားမှ လွတ်၍၊ အကျွန်ုပ်၏စကားကို ကြားရကြပါ၏။ ထိုစကား လည်း ချိုပါ၏။
Proverbs 17:4မတရားသဖြင့်ပြုသော သူသည် မုသာစကားကို ယုံတတ်၏။ မုသာသုံးသော သူသည်လည်း ဆိုးညစ်သော စကားကို နားထောင်တတ်၏။
Proverbs 25:23မြောက်လေသည် မိုဃ်းရေကို ဆောင်တတ် သကဲ့သို့၊ ကုန်းတိုက်သောလျှာသည် ဒေါသမျက်နှာကို ဆောင်တတ်၏။
Proverbs 26:28မုသားပြောတတ်သောသူသည် မိမိညှဉ်းဆဲ သောသူတို့ကို မုန်းတတ်၏။ ချော့မော့တတ်သော သူသည်လည်း ဖျက်ဆီးတတ်၏။