2 ဓမ္မရာဇဝင်ပထမစောင် 25:3
ထိုသူ၏အမည်ကား နာဗလ၊ သူ၏မယားအမည်ကား အဘိဂဲလတည်း။ ထိုမိန်းမသည် ဉာဏ်ကောင်း၍ အဆင်းလည်းလှ၏။ ယောက်ျားမူကား ခက်ထန်သော သဘောရှိ၏။ ဆိုးသော အမှုကိုလည်း ပြုတတ်၏။ ကာလက်အဆွေအမျိုးဖြစ်၏။
1835 Judson Burmese Bible
In The King James Version
In Context
4နာဗလသည် သိုးမွေးညှပ်၍ နေကြောင်းကို ဒါဝိဒ်သည် တော၌ ကြားလျှင်၊
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 25
Cross References
Genesis 12:11အဲဂုတ္တုပြည်နှင့်နီးသောအခါ၊ မိမိမယားစာရဲကို၊ သင်သည် အဆင်းလှသော မိန်းမဖြစ်သည်ကို ငါသိ၏။
1 Samuel 25:10နာဗလကလည်း၊ ဒါဝိဒ်ကား အဘယ်သူနည်း။ ယေရှဲ၏သားကား အဘယ်သူနည်း။ ယခုကာလ သခင်ကို ပုန်ကန်သော ကျွန်များပါတကား။
1 Samuel 25:25ကိုယ်တော်၏ ကျွန်မစကားကို နားညောင်းတော်မူပါ။ ထိုအဓမ္မလူ နာဗလကို ကျွန်မသခင် မှတ်တော်မမူပါနှင့်။ သူ၏အမည်သည် သူ၏သဘောနှင့် ညီညွတ်ပါ၏။ သူ၏အမည်ကား နာဗလ။ သူ၏ သဘောကား မိုက်ခြင်းဖြစ်သတည်း။ သခင်စေလွှတ်တော်မူသော လုလင်တို့ကို ကိုယ်တော် ကျွန်မသည် မမြင်ရပါ။
Psalms 10:3မတရားသောသူသည် မိမိစိတ်အလို၌ ဝါကြွား တတ်ပါ၏။ လောဘကြီးသောသူသည် ထာဝရဘုရားကို ပယ်၍ မထီမဲ့မြင်ပြုတတ်ပါ၏။
Proverbs 19:14အိမ် နှင့်စည်းစိမ်သည် မိဘအမွေဥစ္စာဖြစ်၏။ သမ္မာသတိရှိသောမယားမူကား၊ ထာဝရဘုရားပေးသနား တော်မူရာဖြစ်၏။
Proverbs 31:10သီလနှင့်ပြည့်စုံသော မိန်မကိုအဘယ်သူတွေ့ရ သနည်း။ ထိုသို့သောမိန်းမသည် ပတ္တမြားထက် အဘိုး သာ၍ ထိုက်ပေ၏။