2 ဓမ္မရာဇဝင်ပထမစောင် 25:39
နာဗလ သေ ကြောင်း ကို ဒါဝိဒ် ကြား သောအခါ ၊ ငါ ခံရသောကဲ့ရဲ့ ခြင်းအမှု ကို စောင့် ၍ နာဗလ လက် မှ နှုတ်တော်မူ၍၊ ကိုယ်တော် ကျွန် ကို ဒုစရိုက် နှင့် ကင်းလွှတ် စေတော်မူသော ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။ ထာဝရဘုရား သည် နာဗလ ပြုသော ဒုစရိုက် ကို သူ့ ခေါင်း ပေါ် သို့ ပြန် ရောက်စေတော်မူပြီဟု ဆို ၏။ တဖန် လူကို စေလွှတ် ၍ အဘိဂဲလ နှင့် လက်ထပ် ခြင်းငှါ နှုတ်ဆက် လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
38ဆယ် ရက် လောက်လွန်မှ ထာဝရဘုရား သည် ဒဏ်ခတ် တော်မူသဖြင့် နာဗလ သေ ၏။
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 25
Cross References
Judges 5:2ဣသရေလ အမျိုး၌ မင်း တို့သည် အဦးပြုသောကြောင့်၎င်း၊ ဆင်းရဲသားတို့သည် စေတနာစိတ်နှင့် မိမိကိုယ်ကိုလှူ သောကြောင့်၎င်း၊ ထာဝရ ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
1 Samuel 25:26ယခု မှာ ကျွန်မ သခင် ၊ ကိုယ်တော်သည် လူအသက် ကို သတ်ခြင်းငှါ မသွား မည်အကြောင်းကိုယ် လက် နှင့် ကိုယ် အမှုကို စောင့်၍ အပြစ်ဒဏ်မပေးမည်အကြောင်း၊ ထာဝရဘုရား ဆီးတား တော်မူသည်ဖြစ်၍ ၊ ထာဝရဘုရား အသက် တော် ကိုယ်တော် အသက် လည်း ရှင်တော်မူသည်အတိုင်း ၊ အကျိုးတော်ကို ဖျက်ဆီးလိုသော ကိုယ်တော် ၏ ရန်သူ တို့သည် နာဗလ ကဲ့သို့ ဖြစ် ကြပါစေသော။
1 Samuel 25:34အကယ် စင်စစ်သင့် ကို ငါ မညှင်းဆဲ ရမည်အကြောင်း၊ ဆီးတား တော်မူသော ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ၊ သင်သည်ငါ နှင့် တွေ့ ခြင်းငှါ အလျင်အမြန် မ လာ လျှင် ၊ အကယ် စင်စစ်နက်ဖြန် မိုဃ်းလင်း သောအခါ၊ နာဗလ ၏ လူယောက်ျား တစုံတယောက်ကိုမျှ ငါချန် ၍မ ထားဟု အဘိဂဲလ အား ပြောဆို လျက်၊
2 Samuel 1:16ဒါဝိဒ် ကလည်း ၊ သင် ၏အသွေး သည် သင့် ခေါင်း ပေါ် မှာတည်စေ။ ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသောသူကို ကျွန်တော် သတ် ပါပြီဟု သင့် နှုတ် သည် သင့် တဘက် ၌ သက်သေခံ လေပြီဟုဆို ၏။
2 Samuel 22:47ထာဝရဘုရား သည် အသက် ရှင်တော်မူသည် ဖြစ်၍ ငါ ၏ကျောက် ၌ မင်္ဂလာ ရှိပါစေသတည်း။ ငါ့ ကို ကယ်တင် သော ကျောက် ၏ဘုရား သခင်၌ ချီးမြှောက် ခြင်း ရှိပါစေသတည်း။
Esther 7:10ထိုသို့ မော်ဒကဲ အဘို့ လုပ် သော လည်ဆွဲ ချတိုင်၌ ဟာမန် ကို ဆွဲ ချကြ၏။ ရှင်ဘုရင် လည်း စိတ် ပြေ တော်မူ ၏။