2 ဓမ္မရာဇဝင်ပထမစောင် 28:4
ထိုအခါ ဖိလိတ္တိလူတို့သည် စုဝေး၍ ရှုနင်မြို့မှာ တပ်ချကြ၏။ ရှောလုသည်လည်း ဣသရလ အမျိုးသားအပေါင်းတို့ကို စုဝေးစေ၍ သူတို့သည် ဂိလဗောမြို့မှာ တပ်ချကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
5ရှောလုသည် ဖိလိတ္တိလူအလုံးအရင်းကို မြင်သောအခါ ကြောက်၍ အလွန်တုန်လှုပ်သော စိတ်နှလုံး ရှိ၏။
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 28
Cross References
Joshua 19:18သူတို့အပိုင်းအခြားသည် ယေဇရေလမြို့၊ ခေသု လုတ်မြို့၊ ရှုနင်မြို့၊
1 Samuel 31:8နက်ဖြန်နေ့၌ ဖိလိတ္တိလူတို့သည် အသေကောင်တို့၌ အဝတ်တန်ဆာကို ချွတ်ခြင်းငှါလာသောအခါ၊ ဂိလဗောတောင်ပေါ်မှာ၊ ရှောလုနှင့် သူ၏သားသုံးယောက်တို့သည် လဲသေလျက် ရှိသည်ကို တွေ့မြင်ကြ၏။
2 Samuel 1:21အိုဂိလဗောတောင်တို့၊ သင်တို့အပေါ်မှာ နှင်းမကျစေနှင့်။ မိုဃ်းမရွာစေနှင့်။ ပူဇော်စရာအသီးကိုသီးသော လယ်ကွက်မရှိစေနှင့်။ အကြောင်းမူကား၊ ထိုအရပ်၌ သူရဲဆောင်သော ဒိုင်းတည်းဟူသောရှောလု ဆောင်သောဒိုင်းလွှား၊ ဆီနှင့်လိမ်းပြီးသော လက်နက်တော်ကို ရှုတ်ချလေပြီတကား။
2 Kings 4:8တနေ့သ၌ ဧလိရှဲသည်ရှုနင်မြို့သို့ သွားရာတွင်၊ ထိုမြို့၌ ထင်ရှားသောမိန်းမတယောက်သည် ဧလိရှဲကို ကျွေးခြင်းငှါ ခေါ်ပင့်လေ၏။ နောက်မှထိုလမ်းသို့ သွား သောအခါ၊ ကျွေးခြင်းကို ခံအံ့သောငှါ ထိုအိမ်သို့ ဝင်တတ်၏။