2 ဓမ္မရာဇဝင်ပထမစောင် 3:12
ဧလိအိမ်သားတို့တဘက်၌ ငါပြောသမျှအတိုင်း ထိုနေ့တွင် ငါပြုမည်။ ပြုစရှိပြီးမှ လက်စသတ်မည်။-
1835 Judson Burmese Bible
In The King James Version
In Context
11ထာဝရဘုရားက၊ သိတင်းကြားသောသူတိုင်း နားနှစ်ဘက်ခါးစေခြင်းငှါ၊ ငါသည် ဣသရေလ အမျိုး၌ တစုံတခုကိုပြုမည်။
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 3
Cross References
Joshua 23:15သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း၊ ကောင်းကျိုးအပေါင်းတို့သည် သင်တို့အပေါ်၌ ရောက်သကဲ့သို့၊ ထိုအတူ သင်တို့၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ဤကောင်း မွန်သောပြည်မှ သင်တို့ကို သုတ်သင်ပယ်ရှင်းတော်မမူမှီ တိုင်အောင်၊ ထာဝရဘုရားသည် သင်တို့အပေါ်၌ ဘေး ဥပဒ်အပေါင်းတို့ကို ရောက်စေတော်မူမည်။
1 Samuel 2:27ဘုရားသခင်၏ လူတယောက်သည် ဧလိထံသို့လာ၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တု ပြည်၊ ဖာရောဘုရင်ထံ၌နေရသော သင့်အဘ၏ အမျိုးအား ငါ ထင်ရှားသည် မဟုတ်လော။ -
1 Samuel 4:11ဘုရားသခင်၏ သေတ္တာတော်သည် ရန်သူလက်သို့ ရောက်၍၊ ဧလိ၏သား ဟောဖနိနှင့် ဖိနဟတ် နှစ်ယောက်တို့သည် အသက်ဆုံးလေ၏။
1 Samuel 4:21တဖန် ဘုရားသခင်၏ သေတ္တာတော်သည် ရန်သူလက်သို့ ရောက်သောကြောင့်၎င်း၊ မိမိယောက္ခမ နှင့် လင်အမှုကြောင့်၎င်း၊ ဣသရေလဘုန်းအသရေ ပျောက်ခဲ့ပြီဟုဆိုလျက်၊ ထိုသူငယ်ကို ဣခဗုဒ် အမည်ဖြင့် မှည့်၍၊-
Zechariah 1:6ငါ၏ ကျွန်ပရောဖက်တို့၌ ငါမှာထားသော ငါ၏ ပညတ်စကားတို့သည် သင်တို့ ဘိုးဘေးများကို မှီကြပြီ မဟုတ်လော။ သူတို့သည် သတိရ၍ ငါတို့ကျင့်ကြံပြုမူ သည်နှင့်အလျောက်၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရား သခင် ထာဝရဘုရားသည် ငါတို့၌ စီရင်မည်ဟု အကြံ ရှိတော်မူသည်အတိုင်း၊ စီရင်တော်မူပြီဟု ပြောဆိုကြသည် မဟုတ်လောဟု မိန့်တော်မူ၏။