2 ဓမ္မရာဇဝင်ပထမစောင် 31:9
ရှောလု၏ ခေါင်းကို ဖြတ်၍ လက်နက်တော်ကို ချွတ်ပြီးမှ သူတို့ ရုပ်တုကျောင်းများ၌၎င်း၊ လူများတို့၌၎င်း၊ သိတင်းကျော်စောစေခြင်းငှါ ဖိလိတ္တိပြည် အရပ်ရပ်သို့ ပေးလိုက်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
10လက်နက်တော်ကိုလည်း အာရှတရက်ကျောင်း၌ ထား၍ အလောင်းတော်ကို ဗက်ရှန်မြို့ရိုး၌ ဆွဲထားကြ၏။
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 31
Cross References
1 Samuel 17:51ထိုအခါ ဒါဝိဒ်သည် ထားမပါသောကြောင့် ပြေး၍ ဖိလိတ္တိလူကို နင်းလျက်၊ သူ၏ ထားကို ထားအိမ်မှ နှုတ်ဆွဲပြီးလျှင် လည်ပင်းကို ဖြတ်၍ အပြီးသတ်လေ၏။ ဖိလိတ္တိလူတို့သည် သူတို့၏ သူရဲသေကြောင်းကို မြင်သောအခါ ပြေးကြ၏။
1 Samuel 31:4လက်နက်ဆောင်လုလင်ကို ခေါ်ပြီးလျှင် သင့်ထားကို ထုတ်၍ ငါ့ကို ထိုးလော့။ သို့မဟုတ် အရေဖျားလှီးခြင်းကို မခံသောလူတို့သည်လာ၍ ငါ့ကိုထိုးပြီးမှ မရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟု ဆိုသော်လည်း၊ လက်နက်ဆောင်လုလင်သည် အလွန်ကြောက်၍ မပြုဘဲနေသောကြောင့်၊ ရှောလုသည် ထိုထားကို ယူ၍ ထောင်ပြီးလျှင်၊ ထားဖျားပေါ်မှာ လှဲ၍ သေလေ၏။
1 Chronicles 10:9အဝတ်တန်ဆာတော်ကို ချွတ်ပြီးမှ ခေါင်းတော်၊ လက်နက်တော်ကို ယူ၍ သူတို့ရုပ်တုအိမ်များ၌၎င်း၊ လူများတို့၌၎င်း၊ သိတင်းကျော်စောစေခြင်းငှါ၊ ဖိလိတ္တိ ပြည်အရပ်ရပ်သို့ ပေးလိုက်ကြ၏။