2 ဓမ္မရာဇဝင်ပထမစောင် 4:1
တဖန် ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိလူတို့ကို တိုက်ခြင်းငှါ ချီသွား၍၊ ဧဗနေဇာမြို့နားမှာ တပ်ချလျက်၊ ဖိလိတ္တိလူတို့သည် အာဖက်မြို့၌ တပ်ချလျက်နေကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 4
Cross References
Deuteronomy 29:10သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်နှင့် ယနေ့ပြုတော်မူသော သစ္စာကို သင်သည်ခံ၍၊ သင်၏ဘုရားသခင် ထာဝရဘုရားနှင့် ပဋိညာဉ်ပြုခြင်း ငှာ၎င်း၊ သင့်ကို ကိုယ်တော်၏ လူမျိုးအရာ၌ ယနေ့ ခန့် ထားတော်မူစေခြင်းငှာ၎င်း၊ အထက်က မိန့်တော်မူ၍၊ သင်၏အဘ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆို တော်မူသည်အတိုင်း၊ သင်၏ဘုရားသခင် ဖြစ်တော်မူစေ ခြင်းငှာ၎င်း၊ သင်တို့အမျိုးအနွယ်၏ အကဲအမှူး၊ အသက်ကြီးသူ၊ မင်းအရာရှိ၊ ဣသရေလအမျိုးယောက်ျား၊ မိန်းမ၊ သူငယ်၊ ထင်းခုတ်သောသူ၊ ရေခပ်သောသူမှစ၍ တပ်၌ရှိသမျှသောသူတို့သည် သင်တို့ဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ ယနေ့ရပ်နေကြ၏။
Joshua 15:53ယာနုံမြို့၊ ဗက်တာပွါမြို့၊ အာဖက်မြို့၊
1 Samuel 3:11ထာဝရဘုရားက၊ သိတင်းကြားသောသူတိုင်း နားနှစ်ဘက်ခါးစေခြင်းငှါ၊ ငါသည် ဣသရေလ အမျိုး၌ တစုံတခုကိုပြုမည်။
1 Samuel 7:12ထိုအခါ ရှမွေလသည် ကျောက်ကို ယူ၍ မိဇပါမြို့နှင့်ရှင်မြို့စပ်ကြားမှာ ထူထောင်သဖြင့်၊ ထာဝရ ဘုရားသည် ငါတို့ကို ယခုတိုင်အောင် မစတော်မူပြီဟုဆိုလျက်၊ ထိုကျောက်ကို ဧဗနေဇာအမည်ဖြင့် မှည့်လေ၏။
1 Samuel 29:1ဖိလိတ္တိလူတို့သည် ဗိုလ်ခြေအပေါင်းတို့ကို အာဖက်မြို့မှာ စုဝေးစေကြ၏။ ဣသရေလ လူတို့သည် ယေဇရေလမြို့မှာ ရှိသော စမ်းရေတွင်းအနား၌ တပ်ချကြ၏။
1 Kings 20:30ကျန်သောသူတို့သည် အာဖက်မြို့သို့ ပြေး၍ မြို့ရိုးလဲသဖြင့် နှစ်သောင်းခုနစ်ထောင်ကို ဖိလေ၏။ ဗင်္ဟာဒဒ်သည် ပြေး၍မြို့ထဲအတွင်း အခန်း၌ ပုန်းလျက် နေ၏။