2 ဓမ္မရာဇဝင်ပထမစောင် 5:10
တဖန် ဘုရားသခင်၏ သေတ္တာတော်ကို ဧကြုန်မြို့သို့ ပို့လိုက်သဖြင့်၊ ထိုမြို့သို့ ရောက်သောအခါ၊ မြို့သူမြို့သားတို့က၊ ငါတို့နှင့် ငါတို့လူများကို သတ်စေခြင်းငှါ၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်ကို ဆောင်ခဲ့ပါသည်တကားဟု ဟစ်ကြော်လျက်၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 5
Cross References
Joshua 15:11ဧကြုန်မြို့မြောက်ဘက်နားမှာ ရှောက်လျက် ရှိကြုန်ရွာသို့၎င်း၊ ဗာလာတောင်သို့၎င်း၊ ယာဗနေလရွာသို့ ၎င်း၊ ရောက်၍ ပင်လယ်၌ ဆုံးလေ၏။
Judges 1:18ယုဒသည် ဂါဇမြို့နှင့် မြို့နယ်၊ အာရှကေလုန်မြို့နှင့် မြို့နယ်၊ ဧကြုန်မြို့နှင့် မြို့နယ်တို့ကိုလည်း တိုက်ယူလေ၏။
1 Samuel 17:52ထိုအခါ ဣသရေလအမျိုး၊ ယုဒအမျိုးသားတို့သည် ထ၍ ကြွေးကြော်လျက် ချိုင့်တိုင်အောင်၎င်း၊ ဧကြုန်မြို့ တံခါးတိုင်အောင်၎င်း၊ ဖိလိတ္တိလူတို့ကို လိုက်ကြ၏။ ထိခိုက်သော ဖိလိတ္တိလူတို့သည် ရှာရိမ်မြို့ လမ်းနားမှစ၍ ဂါသမြို့၊ ဧကြုန်မြို့တိုင်အောင် လဲကြ၏။
1 Chronicles 7:21တာဟတ်သား ဇာဗဒ်၊ ဇာဗဒ်သား ရှုသေလ တည်း။ ထိုမှတပါး၊ ဧဖရိမ်သားဇောနှင့်ဧလဒ်တို့သည် ထိုပြည်၌မွေးဘွားသော၊ ဂါသမြို့သားတို့ တိရစ္ဆာန်များကို လုယူသောကြောင့် အသက်ဆုံးကြ၏။
Amos 6:2ကာလနေမြို့သို့သွား၍ ကြည့်ရှုကြလော့။ ထိုမြို့မှဟာမတ်ကြီးမြို့သို့၎င်း၊ ဖိလိတ္တိလူတို့နေသော ဂါသမြို့ သို့၎င်း သွားကြလော့။ ထိုနိုင်ငံတို့သည် ဤနိုင်ငံတို့ထက်သာ၍ ကောင်းသလော။ သူတို့နယ်အပိုင်းအခြားသည် သင်တို့နယ်အပိုင်းအခြားထက်သာ၍ ကျယ်သလော။