2 ဓမ္မရာဇဝင်ပထမစောင် 8:20
အကျွန်ုပ်တို့သည် တပါးအမျိုးသားအပေါင်းတို့နှင့် တူမည်အကြောင်း အကျွန်ုပ်တို့ကို အုပ်စိုးသော ရှင်ဘုရင်ရှိရမည်။ အကျွန်ုပ်တို့ရှေ့မှာ ထွက်ကြွ၍ စစ်တိုက်ရမည်ဟု ရှမွေလ၏ စကားကို နားမထောင် ဘဲ ဆိုကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
19သို့သော်လည်း လူများတို့က၊ မဟုတ်ပါ။ အုပ်စိုးသော ရှင်ဘုရင်ကို လိုချင်ပါ၏။
21ထိုသူတို့၏ စကားများကို ရှမွေလသည် ကြားလျှင်၊ ထာဝရဘုရားရှေ့တော်၌ လျှောက်လေ၏။
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 8
Cross References
Exodus 33:16အကျွန်ုပ်နှင့် ကိုယ်တော်၏လူတို့သည် ရှေ့တော်၌ မျက်နှာရသောအကြောင်းသည် အဘယ်သို့ ထင်ရှားပါမည်နည်း။ အကျွန်ုပ်တို့နှင့် ကြွသွားတော်မူသောအားဖြင့်သာ ထင်ရှားပါမည် မဟုတ်လော။ ထိုသို့ အကျွန်ုပ်နှင့် ကိုယ်တော်၏လူတို့သည် မြေကြီးပေါ်မှာ ရှိသမျှသောလူတို့နှင့် ခြားနားရပါမည်ဟု လျှောက်ဆို လျှင်၊ -
Numbers 23:9ကျောက်ပေါ်က သူ့ကို ငါမြင်၏။ တောင်ပေါ်က သူ့ကို ငါကြည့်ရှု၏။ ထိုလူမျိုးသည် တမျိုးတည်းနေ၍ အခြားတပါးသော လူမျိုးတို့နှင့် မရောနှောရ။
1 Samuel 8:5ကိုယ်တော်သည် အသက်ကြီးပါ၏။ ကိုယ်တော်၏သားတို့သည် ကိုယ်တော်လမ်းသို့ မလိုက်ကြပါ။ လူမျိုးအပေါင်းတို့၏ ထုံးစံရှိသည်အတိုင်း အကျွန်ုပ်တို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ချီးမြှောက်ပါ လော့ဟု လျှောက်ကြ၏။
Psalms 106:35သူတို့နှင့်ရောနှော၍ သူတို့၏ ဘာသာဓလေ့ကို သင်ကြ၏။
Romans 12:12မြော်လင့်လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခရောက်သောအခါ သည်းခံကြလော့။ ဆုတောင်း ပဌနာပြုခြင်းအမှုကို အမြဲပြုကြလော့။
Philippians 3:20ငါတို့ကျင့်သော အကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက်ရှိ၏။ ကယ်တင်တော်မူသောအရှင် သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မြော်လင့်လျက်နေကြ၏။