2 ဓမ္မရာဇဝင်ပထမစောင် 9:24
ပွဲသူကြီးသည် ပခုံးနှင့် ပခုံးပေါ်မှာ ခင်းသောအရာကိုယူ၍ ရှောလုရှေ့မှာထားလေ၏။ ရှမွေလက လည်း၊ ချန်ထားသောအရာကို ယူ၍ စားတော့။ ခေါ်ဘိတ်သော သူတို့အား ပြောနှင့်သည်အတိုင်း သင့်အဘို့ ယခုတိုင်အောင် သိုထားလျက်ရှိပြီဟု ဆို၍ ထိုနေ့၌ ရှောလုသည် ရှမွေလနှင့်အတူ စား သောက်လေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 9
Cross References
Exodus 29:22ထိုသိုးသည် အရာ၌ ခန့်ထားရာသိုး ဖြစ်သောကြောင့်၊ ဆီဥ၊ အမြီး၊ အအူကို ဖုံးသောဆီဥ၊ အသည်း ပေါ်၌ ရှိသောအမြှေး ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ကိုဖုံးသော ဆီဥ၊ လက်ျာပခုံး၊
Leviticus 7:32မိဿဟာယယဇ်ထဲက လက်ျာပခုံးကို ချီမြှောက်သော ပူဇော်သက္ကာဘို့ ယဇ်ပုရောဟိတ်အား ပေးရ မည်။
Ezekiel 24:4အမဲသားတစ်များ၊ ကောင်းသောအတစ်တို့ကို စုထား၍၊ ပေါင်၊ ပခုံး၊ အစရှိသော အကောင်းဆုံးသော အရိုးတို့ကို အိုးကင်း၌အပြည့်ထည့်လော့။