သက်သာလောနိတ်ဩဝါဒစာပထမစောင် 2:6
ထိုမှတပါး၊ ခရစ်တော်၏တမန်တော်ဖြစ်၍၊ လေးသောဝန်ကို တင်ပိုင်သော်လည်း၊ လူပေးသော ဘုန်းအသရေကို သင်တို့တွင်မရှာ၊ အခြားသူတို့တွင်လည်း မရှာဘဲ၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of သက်သာလောနိတ်ဩဝါဒစာပထမစောင် 2
Cross References
Esther 1:4ထိုအခါနိုင်ငံတော်စည်းစိမ်၊ ဘုန်းအာနုဘော် တော်ကို အရက်တရာရှစ်ဆယ်ပတ်လုံး ပြတော်မူ၏။
Proverbs 25:27ပျားရည်ကို စားကြူးလျှင် မကောင်းသကဲ့သို့၊ ကိုယ်ဂုဏ်သရေကို ရှာလျှင် ဂုဏ်အသရေမရှိ။
John 5:41လူပေးသောဘုန်းအသရေကို ငါမခံ။
John 7:18ကိုယ်အလိုအလျောက်ဟောပြောသောသူသည် မိမိဘုန်းအသရေကိုရှာတတ်၏။ မိမိကို စေလွှတ်တော် မူသောသူ၏ ဘုန်းအသရေကိုရှာသော သူမူကား၊ ယုံလောက်သောသူဖြစ်၏။ ထိုသူ၌မုသားမရှိ။
1 Corinthians 9:1ငါပေါလုသည် ကျွန်မဟုတ်၊ လူလွတ်ဖြစ်သည် မဟုတ်လော။ တမန်တော်ဖြစ်သည်မဟုတ်လော။ ငါတို့ သခင် ယေရှုခရစ်ကို မြင်ရပြီ မဟုတ်လော။ သင်တို့သည် သခင်ဘုရား၌ ငါလုပ်သော အလုပ်ဖြစ်ကြသည် မဟုတ်လော။
1 Corinthians 9:12အခြားသောသူတို့သည် သင်တို့ထံမှာ ထိုအခွင့် ကိုရလျှင် ငါတို့သည် သာ၍ရထိုက်သည်မဟုတ်လော။ သို့သော်လည်း ထိုအခွင့်ကို ငါတို့သည် မသုံးဘဲ၊ ခရစ်တော် ၏ ဧဝံဂေလိတရားကို ဆီးတားခြင်းအကြောင်း မရှိ စေခြင်းငှါ အရာရာ၌ သည်းခံကြ၏။