သက်သာလောနိတ်ဩဝါဒစာပထမစောင် 3:13
ထိုသခင်သည် မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူသောအခါ။ ငါတို့အဘတည်း ဟူသော ဘုရားသခင်ရှေ့မှာ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော သင်တို့၏ စိတ်နှလုံးကို ကိုယ်တော်သည် သန့်ရှင်းခြင်းပါရမီ၌ မြဲမြဲခိုင်ခံ့စိမ့်သောငှါ ငါတို့သည် သင်တို့ကို ချစ်သကဲ့သို့ သင်တို့သည် အချင်းချင်းကို၎င်း ၊ သူတပါးအပေါင်းတို့ကို၎င်း ချစ်၍၊ ချစ်ခြင်းမေတ္တာနှင့် အထူးသဖြင့် ကြွယ်ဝပြည့်စုံမည်အကြောင်း သခင်ဘုရား ပြုတော်မူပါစေသော။
1835 Judson Burmese Bible
In The King James Version
In Context
Read all of သက်သာလောနိတ်ဩဝါဒစာပထမစောင် 3
Cross References
Deuteronomy 33:2ထာဝရဘုရားသည် သိနာတောင်ပေါ်က ကြွ တော်မူ၏။ စိရအရပ်မှ ထိုလူတို့အား နေထွက်တော်မူ၏။ ပါရန်တောင်ပေါ်က ရောင်ခြည်ထွန်းပတော်မူ၍၊ သန့် ရှင်းသောသူ အထောင်အသောင်းတို့နှင့်အတူ ကြွတော်မူ ၍၊ ဓမ္မမီးသည် ဣသရေလလူတို့အဘို့၊ လက်ျာလက်တော် မှ ထွက်လေ၏။
Romans 14:4သူတပါးပိုင်သော လူကိုစစ်ကြောစီရင်သော သင်သည် အဘယ်သူနည်း။ သူသည်မိမိသခင်စီရင်သော အားဖြင့်သာအပြစ်လွတ်ခြင်း၊ အပြစ်ခံခြင်းသို့ ရောက်ရ၏။ သူသည်အပြစ်လွတ်ခြင်းသို့ရောက်လိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် သူ၏ အပြစ်ကို လွှတ်ခြင်းငှါ တတ်နိုင်တော်မူ၏။
1 Corinthians 1:7ထိုကြောင့်သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ပေါ်ထွန်းတော်မူခြင်းကို မြော်လင့်၍နေစဉ်၊ ဆုတော် တစုံတခုမျှ မလျော့ဘဲ စုံလင်လျက်ရှိကြ၏။
Ephesians 5:27အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက် ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှါ၊ နှုတ်ကပတ်တော်ရေ၌ ဆေးကြော ခြင်းအားဖြင့် စင်ကြယ်သန့်ရှင်းစေမည်အကြောင်း၊ ထိုအသင်းတော်အဘို့အလို့ငှါ ကိုယ်ကို ကိုယ်စွန့်တော်မူ၏။
Colossians 1:22အကြောင်းမူကား၊ ကောင်းကင်အောက်၌ ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြောသဖြင့်၊ သင်တို့သည် ကိုယ်တိုင်ကြားရပြီးသော ဧဝံဂေလိတရား၏ မြော်လင့်ခြင်းမှ မရွေ့လျော့ဘဲ၊
1 Thessalonians 3:11သင်တို့ရှိရာသို့ ငါတို့သွားရာလမ်းကို ငါတို့အဘတည်းဟူသော ဘုရားသခင်နှင့် ငါတို့သခင်ယေရှုခရစ် သည် ပြင်ဆင်တော်မူပါစေသော။