တိမောသေဩဝါဒစာပထမစောင် 3:7
ကဲ့ရဲ့ပြစ်တင်ခြင်း၊ မာရ်နတ်ဘမ်းမိခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ပြင်ပလူဘို့တွင် အသရေရှိ သောသူ ဖြစ်ရမည်။
1835 Judson Burmese Bible
In The King James Version
In Context
6မာနနှင့်ယစ်မူးလျက်၊ မာရ်နတ်၏ အပြစ် ရောက်မည်ဟု စိုးရိမ်စရာရှိ၍၊ ဘာသာဝင်လူသစ် မဖြစ်ရ။
Read all of တိမောသေဩဝါဒစာပထမစောင် 3
Cross References
Mark 4:11ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏နက်နဲသောအရာကို သိရသောအခွင့်ရှိကြ၏။
Acts 10:22ထိုသူတို့ကလည်း ဘုရားသခင်ကိုကြောက်ရွံ့၍၊ ယုဒလူ အပေါင်းတို့တွင် အသရေရှိသော သူတော်ကောင်း တည်းဟူသော တပ်မှူး ကော်နေလိသည်၊ ကိုယ်တော်ကို မိမိအိမ်သို့ခေါ်ပင့်၍ ကိုယ်တော်၏ စကားကို နားထောင် ရမည်အကြောင်း၊ သန့်ရှင်းသော ကောင်းကင်တမန် အားဖြင့် ဗျာဒိတ်တော်ကို ခံရပါသည်ဟု ပြန်ပြောကြ၏။
1 Corinthians 5:12ပြင်လူတို့ကို စီရင်ခြင်းအမှုနှင့် ငါသည် အဘယ်သို့ ဆိုင်သနည်း။ အတွင်းလူတို့ကို သင်တို့စီရင်ရသည် မဟုတ်လော။
2 Corinthians 6:3တရားဟောခြင်းအခွင့်အရာကို အပြစ်တင်ခြင်းနှင့် ကင်းလွတ်စိမ့်သောငှါ၊ ထိမိ၍လဲစရာအကြောင်း တစုံတခုကိုမျှမပြု။
Colossians 4:5ပြင်ပလူတို့၏ မျက်နှာကိုထောက်လျက်၊ ပညာနှင့် ကျင့်ဆောင်၍ ကာလအချိန်ကို ရွေးနှုတ်ကြလော့။
1 Thessalonians 5:22မကောင်းသောအမှုအမျိုးမျိုးရှိသမျှကို ရှောင်ကြလော့။