တိမောသေဩဝါဒစာပထမစောင် 4:5
ကျေးဇူးတော်ကို သိသောစိတ်နှင့်ခံယူလျှင်၊ အဘယ်အရာကိုမျှ မပယ်မရှောင်ရ။ အကြောင်းမူကား၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်အားဖြင့်၎င်း၊ ဆုတောင်းခြင်းအားဖြင့်၎င်း၊ အရာရာတို့သည် စင်ကြယ် လျက်ရှိကြ၏။
1835 Judson Burmese Bible
In The King James Version
For it is sanctified by the word of God and prayer.
In Context
4ဘုရားသခင်ဖန်ဆင်းတော်မူသမျှသည် သုံးစရာကောင်း၏။
Read all of တိမောသေဩဝါဒစာပထမစောင် 4
Cross References
Genesis 1:25ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး အပေါင်း တို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။
Luke 4:4ယေရှုကလည်း၊ လူသည်မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည်ကျမ်းစာ၌လာသည်ဟု ပြန်ပြောတော်မူ၏။
1 Corinthians 7:14အကြောင်းမူကား၊ မယုံကြည်သောလင်သည် မိမိမယားအဘို့ စင်ကြယ်၏။ မယုံကြည်သော မယား သည်လည်း မိမိလင်အဘို့ စင်ကြယ်၏။ သို့မဟုတ်လျှင် သင်တို့၏ သားသမီးသည် မစင်ကြယ်။ ယခုတွင် စင်ကြယ်ကြ၏။
Titus 1:15စင်ကြယ်သောသူတို့အား ခပ်သိမ်းသောအရာတို့သည် စင်ကြယ်လျက်ရှိကြ၏။ မစင်ကြယ်၊ မယုံကြည် သောသူတို့အား အဘယ်အရာမျှ မစင်ကြယ်။ သူတို့၏ နှလုံးလည်း မစင်ကြယ်။ ကိုယ်ကိုကိုယ်သိသောစိတ် လည်းမစင်ကြယ်။