တိမောသေဩဝါဒစာပထမစောင် 5:17
ကောင်းမွန်စွာ အုပ်သောသင်းအုပ်တို့သည် အလှူနှစ်ဆကို ခံထိုက်သောသူဖြစ်သည်ဟူ၍၎င်း၊ တရားဟောခြင်း၊ ဆုံးမဩဝါဒပေးခြင်းအမှုကို ကြိုးစားအားထုတ်သောသူတို့သည်။ အလှူနှစ်ဆကို အထူးသဖြင့် ခံထိုက်သောသူဖြစ်သည်ဟူ၍၎င်း မှတ်ရမည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of တိမောသေဩဝါဒစာပထမစောင် 5
Cross References
Deuteronomy 18:8သူ၏အမွေကို ရောင်း၍ရသော ဥစ္စာမှတပါး၊ လေဝိသားများတို့နှင့်အတူ အညီအမျှခံရမည်။
Isaiah 40:2စစ်မှုကို ထမ်းရသော အချိန်စေ့ပြီ။ သင်၏ အပြစ်လည်း ဖြေရှင်းပြီဟု ယေရုရှလင်မြို့အား နှစ်သိမ့် စေသော စကားကို ပြော၍ ကြွေးကြော်ကြလော့။ အကြောင်းမူကား၊ ထာဝရဘုရား၏ လက်တော်၌ မိမိ အပြစ်အတွက် နှစ်ဆခံရပြီ။
Jeremiah 17:18အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့သည် အရှက်ကွဲ ကြပါစေသော။ အကျွန်ုပ်မူကား၊ အရှက်မကွဲပါစေနှင့်။ သူတို့သည် စိတ်ပျက်ကြပါစေသော။ အကျွန်ုပ်မူကား၊ စိတ်မပျက်ပါစေနှင့်။ သူတို့အပေါ်မှာ ဘေးအန္တရာယ် ကာလကို ရောက်စေတော်မူပါ။ အထပ်ထပ်ဖျက်ဆီးတော် မူပါ။
Matthew 9:37ထိုအခါ ကိုယ်တော်က၊ စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။
Luke 10:1ထိုနောက်မှ သခင်ဘုရားသည် အခြားသောတပည့်တော် ခုနစ်ကျိပ်တို့ကို ခန့်ထားတော်မူ၍၊ ကိုယ် တိုင်ကြွလေအံ့သော မြို့ရွာအရပ်ရပ်တို့သို့ ရှေ့တော်၌ နှစ်ယောက်စီ နှစ်ယောက်စီ စေလွှတ်တော်မူ၏။
Luke 12:42သခင်ဘုရားက၊ အိမ်ရှင်သည် မိမိအိမ်သားတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေ ခြင်းငှါ အအုပ်အချုပ်ခန့်ထား၍ သစ္စာနှင့်၎င်း၊ သတိပညာနှင့်၎င်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း။