ရာဇဝင်ချုပ်ပထမစောင် 15:12
ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာပါမည်ဟူ၍၎င်း၊
1835 Judson Burmese Bible
In The King James Version
In Context
11ဆောင်ခဲ့သော လက်ရဥစ္စာထဲကနွားခုနစ်ရာ၊ သိုးခုနစ်ထောင်တို့ကို ထာဝရဘုရားအား ပူဇော်ကြ၏။
Read all of ရာဇဝင်ချုပ်ပထမစောင် 15
Cross References
Deuteronomy 6:5သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။
Deuteronomy 29:1ဤရွေ့ကား၊ ဟောရပ် အရပ်၌ ထာဝရဘုရား သည် ဣသရေလအမျိုးနှင့် ပြုတော်မူသော ပဋိညာဉ်မှ တပါး၊ မောဘပြည်၌ မောရှေသည် ထိုလူမျိုးနှင့် ပဋိညာဉ် ပြုစေခြင်းငှာ၊ ထာဝရဘုရား မှာထားတော်မူသော ပဋိညာဉ်စကားတော် ဖြစ်သတည်း။
Deuteronomy 29:12သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်နှင့် ယနေ့ပြုတော်မူသော သစ္စာကို သင်သည်ခံ၍၊ သင်၏ဘုရားသခင် ထာဝရဘုရားနှင့် ပဋိညာဉ်ပြုခြင်း ငှာ၎င်း၊ သင့်ကို ကိုယ်တော်၏ လူမျိုးအရာ၌ ယနေ့ ခန့် ထားတော်မူစေခြင်းငှာ၎င်း၊ အထက်က မိန့်တော်မူ၍၊ သင်၏အဘ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆို တော်မူသည်အတိုင်း၊ သင်၏ဘုရားသခင် ဖြစ်တော်မူစေ ခြင်းငှာ၎င်း၊ သင်တို့အမျိုးအနွယ်၏ အကဲအမှူး၊ အသက်ကြီးသူ၊ မင်းအရာရှိ၊ ဣသရေလအမျိုးယောက်ျား၊ မိန်းမ၊ သူငယ်၊ ထင်းခုတ်သောသူ၊ ရေခပ်သောသူမှစ၍ တပ်၌ရှိသမျှသောသူတို့သည် သင်တို့ဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ ယနေ့ရပ်နေကြ၏။
1 Kings 8:48သိမ်းသွားသော ရန်သူတို့၏ ပြည်၌နေစဉ်၊ စိတ်နှလုံးအကြွင်းမဲ့ အထံတော်သို့ ပြန်လာ၍၊ ဘိုးဘေးတို့ အား ပေးတော်မူသောပြည်၊ ရွေးတော်မူသောမြို့၊ နာမတော်အဘို့ အကျွန်ုပ်တည်ဆောက်သော အိမ်တော်ကို မှီခိုလျက် ဆိုတောင်းလျှင်၎င်း၊
2 Chronicles 11:16ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား ကို ရှာလိုသောငှါ၊ သဘောချသော သူတို့သည်လည်း၊ ဣသရေလခရိုင်များထဲက ထွက်၍၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်အံ့သောငှါ၊ လေဝိသားတို့နောက်သို့လိုက်၍၊ ယေရုရှလင်မြို့သို့ ရောက်လာကြ၏။
2 Chronicles 19:3သို့သော်လည်း၊ မင်းကြီးသည် တပြည်လုံးတွင်၊ အားရှရပင်တို့ကို ပယ်ရှား၍၊ ဘုရားသခင်ကိုရှာခြင်းငှါ သဘောချသောကြောင့်၊ ကျင့်သော အကျင့်ကောင်းပါပြီ ဟု ဆို၏။