ရာဇဝင်ချုပ်ပထမစောင် 15:3
ကြာမြင့်သောကာလပတ်လုံး၊ ဣသရေလ အမျိုး၌ မှန် သော ဘုရား မ ရှိ။ ဩဝါဒပေးတတ်သော ယဇ် ပုရောဟိတ် မရှိ။ တရားလည်းမရှိဘဲ နေ၍၊
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 15
Cross References
Deuteronomy 33:10သူတို့သည် စီရင် တော်မူချက်တို့ကို ယာကုပ် အမျိုး ၌ ၎င်း၊ တရား တော်ကို ဣသရေလ အမျိုး၌ ၎င်း သွန်သင် ကြလိမ့်မည်။ မီးရှို့ရာနံ့သာပေါင်း ကို ရှေ့ တော်၌၎င်း၊ တကိုယ် လုံး မီးရှို့ရာယဇ်ကို ယဇ် ပလ္လင်တော်ပေါ် ၌၎င်း တင် ထားကြလိမ့်မည်။
2 Chronicles 17:7နန်းစံ သုံး နှစ် တွင် ၊ ယုဒ မြို့ အရပ်ရပ် ၌ သွန်သင် စေခြင်းငှါ ၊ မှူးမတ် ဗင်ဟဲလ ၊ ဩဗဒိ ၊ ဇာခရိ ၊ နာသနေလ ၊ မိက္ခါယ တို့ကို၎င်း၊
Nehemiah 8:9လူ အပေါင်း တို့သည် ပညတ္တိ ကျမ်းစကား ကို ကြား သောအခါ ငိုကြွေး ကြသည်ဖြစ်၍ ၊ ပြည်အုပ် မင်း နေဟမိ ၊ ကျမ်းတတ် ဆရာ ယဇ်ပုရောဟိတ် ဧဇရ ၊ လူ များ တို့အား သွန်သင် သော လေဝိ သားတို့က၊ ဤ သည်နေ့ ရက်သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား အဘို့ သန့်ရှင်း သောနေ့ ဖြစ်၏။ ငိုကြွေး မြည်တမ်းခြင်းကို မ ပြုကြနှင့်။
Lamentations 2:9မြို့ တံခါးရွက် တို့သည် မြေ ၌ မြှုပ် လျက်ရှိကြ၏။ ကန့်လန့်ကျင် တို့ကို ချိုးဖဲ့ တော်မူပြီ။ ရှင်ဘုရင် နှင့် မင်းသား တို့သည် သာသနာပ လူတို့တွင် နေရကြ၏။ တရား တော်မ ရှိ။ ပရောဖက် တို့သည် ထာဝရဘုရား ၏ ဗျာဒိတ် တော်ကို မ ခံ မရကြ။
Hosea 3:4အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့ သည် နေ့ရက် များစွာ ရှင်ဘုရင် မ ရှိ၊ မင်းသား မ ရှိ၊ ယဇ် ပူဇော်ခြင်းမ ရှိ၊ ဆင်းတု မ ရှိ၊ သင်တိုင်း မ ရှိ၊ တေရပ်ရုပ်တု မရှိဘဲနေရ ကြလိမ့်မည်။
Malachi 2:7ယဇ်ပုရောဟိတ် ၏နှုတ်ခမ်း သည် ပညာ ကို စောင့် ရမည်။ သူ ၏နှုတ် ၌ လူတို့သည် တရား တော်ကို ရှာ ရကြမည်။ အကြောင်း မူကား၊ သူ သည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား စေလွှတ်တော်မူသောတမန် ဖြစ်၏။