ရာဇဝင်ချုပ်ပထမစောင် 18:31
ရထား စီးသူရဲ အုပ်ဗိုလ်မင်းတို့သည် ယောရှဖတ် ကိုမြင် သောအခါ ၊ ထိုသူသည် ဣသရေလ ရှင်ဘုရင် ဖြစ် လိမ့်မည်ဟုဆို လျက် ၊ သူ့ ကို တိုက် အံ့သောငှါ ဝိုင်းလာကြ ၍၊ ယောရှဖတ် လည်း ကြွေးကြော် လေ၏။ ထာဝရဘုရား လည်း မစ ၍ သူတို့ကိုလွှဲ သွားစေခြင်းငှါ ၊ ဘုရားသခင် သွေးဆောင် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 18
Cross References
Exodus 14:10ဖာရော ဘုရင်သည် ချဉ်း လာသောအခါ ၊ ဣသရေလ အမျိုးသား တို့သည် မြော် ကြည့်၍ ၊ အဲဂုတ္တု လူတို့ စစ်ချီ လာကြောင်းကို မြင် လျှင် ၊ အလွန် ကြောက်လန့် ၍ ထာဝရဘုရား အား အော်ဟစ် ကြ၏။
2 Chronicles 13:14ယုဒ လူတို့သည် ပြန် ကြည့်သောအခါ ၊ စစ်မှု ဝိုင်းမိသည်ကို မြင် လျှင် ၊ ထာဝရဘုရား အား ဟစ် ခေါ်၍ ၊ ယဇ် ပုရောဟိတ်တို့သည်လည်း တံပိုး မှုတ် ကြ၏။
2 Chronicles 26:7ဘုရားသခင် သည် ဖိလိတ္တိ လူ၊ ဂုရဗာလ မြို့မှာ နေ သောအာရပ် လူ၊ မဟုနိမ် လူတို့တစ်ဘက် ၌ သူ့ ကို မစ တော်မူ၏။
Ezra 7:27ယေရုရှလင် မြို့၏ ဗိမာန် တော်ကို တင့်တယ် စေမည်အကြံကို ရှင်ဘုရင် စိတ် နှလုံးထဲ သို့ သွင်းပေး တော်မူထသော ၊ ရှင်ဘုရင် ရှေ့ ၊ အတွင်းဝန် များ၊ ဗိုလ်မင်း များရှေ့ မှာ ငါ့အား အခွင့်ပေးတော်မူသောဘိုးဘေး တို့၏ ဘုရား သခင်ထာဝရဘုရား သည် မင်္ဂလာ ရှိ တော်မူစေသတည်း။
Psalms 34:7ထာဝရဘုရား ကို ကြောက်ရွံ့ သောသူတို့ ပတ်လည် ၌ ကောင်းကင် တမန်တော်တို့သည် တပ်ချ ၍ ကယ် လွှတ် တတ်ကြ၏။
Psalms 46:11ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် ငါ တို့နှင့်အတူ ရှိတော်မူ၏။ ယာကုပ် ၏ ဘုရား သခင်သည် ငါ တို့ခိုလှုံ ရာဖြစ်တော်မူ၏။