ရာဇဝင်ချုပ်ပထမစောင် 18:5
ဣသရေလ ရှင် ဘုရင်သည် ပရောဖက် လေး ရာ တို့ကို စုဝေး စေပြီးလျှင် ၊ ငါသည်ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်း သလော။မချီဘဲနေကောင်း သလောဟုမေး သော် ၊ သူတို့က ချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး ၏လက် တော်သို့ အပ် တော်မူမည်ဟု လျှောက် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
4တဖန် ယောရှဖတ် က၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ယနေ့ မေးမြန်း ပါလော့ဟု ဣသရေလ ရှင်ဘုရင် အား ဆို သော်၊
6ယောရှဖတ် ကလည်း၊ ငါတို့မေးမြန်း စရာ ထာဝရဘုရား ၏ ပရောဖက် တစုံတပါးမျှမရှိသလောဟု မေးသော်၊
Read all of ရာဇဝင်ချုပ်ပထမစောင် 18
Cross References
1 Kings 12:9ပြည်သားတို့က၊ ခမည်းတော် တင် သော ထမ်းဘိုး ကို ပေါ့ စေတော်မူပါဟု လျှောက်ဆို ကြသည်ဖြစ်၍၊ သူ တို့ အား ငါပြန် ပြောရမည်အကြောင်း အဘယ်သို့ အကြံ ပေး ကြမည်နည်းဟုမေး သော်၊
2 Kings 3:13ဧလိရှဲ သည် ဣသရေလ ရှင်ဘုရင် အား လည်း ၊ ငါ သည်သင် နှင့် အဘယ် သို့ဆိုင်သနည်း။ သင့် အဘ ၏ ပရောဖက် ၊ သင့်အမိ ၏ ပရောဖက် တို့ထံသို့ သွား လော့ဟု ဆို လျှင် ၊ ဣသရေလ ရှင်ဘုရင် က၊ မ ဆိုပါနှင့်။ ထာဝရဘုရား သည် ဤ ရှင်ဘုရင် သုံး ပါးတို့ကို မောဘ လူတို့ လက် သို့ အပ် ခြင်းငှါ စုဝေး စေတော်မူသည်တကားဟု ဆို သော်၊ “
2 Chronicles 18:20တဖန် ဝိညာဉ် တပါးသည်လာ ၍ ထာဝရဘုရား ရှေ့ တော်၌ ရပ် လျက် ၊ အကျွန်ုပ် သွေးဆောင် ပါမည်ဟု လျှောက် လျှင်၊
Jeremiah 23:14ယေရုရှလင် မြို့သား ပရောဖက် တို့၌ လည်း ၊ စက်ဆုပ် ရွံရှာဘွယ်သောသဘောကို ငါမြင် ပြီ။ သူတို့သည် မတရား သောမေထုန် ၌မှီဝဲလျက် ၊ မုသာ ကိုလည်း သုံး လျက် ၊ အဓမ္မ ပြုသောသူတို့ကို အားပေး တတ်သဖြင့်၊ အဘယ်သူမျှမိမိ ပြုသော အဓမ္မ အမှုကို မ စွန့် ။ ထိုသူ ရှိ သမျှတို့သည် ငါ၌ သောဒုံ မြို့သားကဲ့သို့ ၎င်း ၊ ယေရုရှလင် မြို့သား တို့သည် ဂေါမောရ မြို့သားကဲ့သို့ ၎င်း ဖြစ် ကြ၏။
Jeremiah 23:17ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို မထီမဲ့မြင် ပြုသောသူတို့ အား ၊ သင် တို့သည် ငြိမ်ဝပ် ခြင်းရှိ ကြ လိမ့်မည်ဟု ဟော တတ်ကြ၏။ မိမိ တို့စိတ်နှလုံး ခိုင်မာ ခြင်း သဘောသို့ လိုက် သောသူတို့ အား၊ သင် တို့သည် ဘေးဥပဒ် နှင့် မ တွေ့ ရကြဟု ဟော တတ်ကြ၏။
Jeremiah 38:14တဖန် ဇေဒကိ မင်းကြီး သည် လူကို စေလွှတ် ၍ ၊ ဗိမာန် တော်၌ တတိယ အတွင်း ခန်းထဲသို့ ယေရမိ ကို ခေါ် ပြီးလျှင်၊ သင် ၌ တစုံတခု ကို ငါ မေးမြန်း မည်။ အဘယ် အရာကိုမျှ မ ထိမ် မဝှက်နှင့်ဟုဆို သော်၊