ရာဇဝင်ချုပ်ပထမစောင် 19:2
ဟာနန် သား ပရောဖက် ယေဟု သည်၊ ယောရှဖတ် မင်းကြီး ကို ခရီးဦးကြိုပြုအံ့သောငှါ ထွက်သွား ၍ ၊ မင်းကြီးသည် မ တရားသောသူတို့ကို မစ သင့်သလော။ထာဝရဘုရား ကို မုန်း သောသူတို့ကို ချစ်သင့်သလော။ ယခုပြုသောအမှုကြောင့်၊ ထာဝရဘုရား ၏ အမျက် တော် သည် မင်းကြီး အပေါ် သို့ သက်ရောက်လေပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
1ယုဒ ရှင်ဘုရင် ယောရှဖတ် သည် ယေရုရှလင် မြို့ နန်းတော် သို့ ငြိမ်ဝပ် စွာ ပြန်လာ ၏။
Read all of ရာဇဝင်ချုပ်ပထမစောင် 19
Cross References
Deuteronomy 5:9ဦး မ ချ၊ ဝတ် မ ပြုနှင့်။ အကြောင်း မူကား၊ သင် ၏ဘုရား သခင်၊ ငါ ထာဝရဘုရား သည် သင်၌ အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ ကိုမုန်း သောသူတို့ ၏ အမျိုးအစဉ်အဆက်၊ တတိယ အဆက်၊ စတုတ္ထ အဆက်တိုင်အောင် ၊ အဘ တို့၏ အပြစ် ကို သား တို့၌ ဆပ် ပေးစီရင်သောဘုရား၊
Deuteronomy 32:41ငါသည် ပြောင်လက် သောထား ကို သွေး ၍ ၊ တရားစီရင်စပြုလျက် ငါ့ ရန်သူ တို့၌ အပြစ် တရားကို စီရင် မည်။ ငါ့ ကိုမုန်း သောသူတို့ ခံ ထိုက်သောအပြစ်အလျောက် ငါဆပ် ပေးမည်။
1 Samuel 9:9ရှေး ကာလ၌ ဣသရေလ အမျိုးသားတို့သည် ဘုရား သခင်ကို မေးမြန်း ခြင်းငှါ သွား မည်ဟု အကြံရှိလျှင်၊ မြင် သောသူထံသို့ သွား ကြစို့ဟု ဆိုတတ်ကြ၏။ ပရောဖက် ဟူ၍ခေါ်ဝေါ်သောသူကို ရှေး ကာလ၌ မြင် သောသူဟူ၍ ခေါ်ဝေါ် ကြသတည်း။
1 Kings 16:7ဗာရှာသည် ယေရောဗောင် အမျိုး နှင့်တူ ၍ ထိုအမျိုးကို လုပ်ကြံ သော အပြစ်၊ မိမိ ပြုမူ သောအားဖြင့် ၊ ထာဝရဘုရား ၏အမျက် တော်ကို နှိုးဆော်၍၊ ရှေ့ တော်၌ ပြစ်မှား သမျှ သော အပြစ် ကြောင့် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဗာရှာ ကိုအကြောင်းပြု၍၊ ဟာနန် ၏ သား ယေဟု အားဖြင့် ရောက် လာသည်နှင့်အညီ၊
1 Kings 21:25အာဟပ် နှင့် တူသော သူတယောက် မျှမရှိ။ ခင်ပွန်း ယေဇဗေလ သည် တိုက်တွန်း သဖြင့်၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု လို၍ ကိုယ်ကို ရောင်း သော သူဖြစ်၏။
2 Chronicles 18:1ယောရှဖတ် မင်းသည် ဂုဏ် အသရေနှင့် စည်းစိမ် ဥစ္စာများ ၍ ၊ အာဟပ် မင်းနှင့် အမျိုး ဆက်လေ၏။