ရာဇဝင်ချုပ်ပထမစောင် 20:6
ဘိုးဘေး တို့၏ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် သည် ကောင်းကင် ဘုံ၏ အရှင်ဘုရားသခင် ဖြစ်တော်မူသည် မ ဟုတ်လော့။တပါးအမျိုးသား နေရာ တိုင်းနိုင်ငံရှိသမျှ တို့ကို အစိုးရ တော်မူသည် မဟုတ်လော။ အဘယ်သူ မျှမဆီးတားနိုင်အောင် ခွန်အား တန်ခိုးကြီးတော်မူသည်မဟုတ်လော။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 20
Cross References
Exodus 3:15တဖန် ဘုရား သခင်က၊ သင် တို့ဘိုးဘေး များ၏ ဘုရား သခင်၊ အာဗြဟံ ၏ဘုရား ၊ ဣဇာက် ၏ဘုရား ၊ ယာကုပ် ၏ဘုရား တည်းဟူသောထာဝရဘုရား သည်၊ ငါ့ ကို သင် တို့ရှိရာသို့ စေလွှတ် တော်မူပြီဟု ဣသရေလ အမျိုးသား တို့အား ပြော ရမည်။ ထို အမည်သည် အစဉ် ငါ့ အမည် ဖြစ်၏။ လူမျိုး အစဉ်အဆက် မပြတ် ငါ့ ဘွဲ့ နာမ ဖြစ်၏။
Joshua 2:11ထိုသိတင်းကိုကြား သောအခါ ၊ အကျွန်ုပ် တို့သည် စိတ်ပျက် ၍ သင် တို့ကြောင့် တစုံတယောက် သောသူ၌ မျှ ရဲရင့်ခြင်းသတ္တိ အလျှင်း မ ကျန် ကြွင်းပါ။ အကြောင်းမူကား ၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် အထက် ကောင်းကင် ဘုံ၌ ၎င်း၊ အောက် အရပ်မြေကြီး ၌ ၎င်း၊ အစိုးရသောဘုရား သခင်ဖြစ်တော်မူ၏။
1 Kings 8:30ကိုယ်တော် ကျွန် မှစ၍ ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားတို့သည် ဤ အရပ် ဌာန၌ ဆုတောင်း ပဌနာပြုကြသောအခါ ၊ ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် ၍ အပြစ် မှလွှတ်တော်မူပါ။
1 Chronicles 29:12ဂုဏ် အသရေနှင့် စည်းစိမ် ဥစ္စာသည် ကျေးဇူးတော်ကြောင့်သာ ဖြစ်၏။ ကိုယ်တော် သည် ခပ်သိမ်း သောသူတို့ ကို အုပ်စိုး တော်မူ၏။ ခွန်အား အစွမ်း သတ္တိကို ပေးပိုင်တော်မူ၏။ ခပ်သိမ်း သောသူတို့အား ကြီးမြတ် သော အခွင့်နှင့် ခိုင်ခံ့ သော အခွင့်ကိုပေး ပိုင်တော်မူ၏။
2 Chronicles 5:14ထိုသို့ ဘုရားသခင် ၏ အိမ် တော်သည် ထာဝရဘုရား ၏ ဘုန်း တော်နှင့်ပြည့် လျက်၊ မိုဃ်းတိမ် တော် ကြောင့် ယဇ် ပုရောဟိတ်တို့သည် အမှု တော်ကို ဆောင်ရွက် လျက် ရပ် ၍ မ နေနိုင် ကြ။
Job 9:4ဘုရားသခင် သည် ထူးဆန်း သော ဉာဏ် ၊ ကြီးစွာ သော တန်ခိုး နှင့် ပြည့်စုံ တော်မူသည် ဖြစ်၍၊ အဘယ် သူသည် အာဏာ တော်ကို ဆန် ၍အောင် နိုင်သနည်း။