ရာဇဝင်ချုပ်ပထမစောင် 23:3
စည်းဝေး သောသူ အပေါင်း တို့သည် ဗိမာန် တော်၌ ရှင်ဘုရင် နှင့် ပဋိညာဉ် ဖွဲ့ ကြ၏။ ယောယဒ ကလည်း၊ ရှင်ဘုရင် သားတော် ကို ကြည့်ရှု ကြလော့။ ထာဝရဘုရား သည် ဒါဝိဒ် အမျိုး ကို မိန့် တော်မူသည် အတိုင်း ၊ ရှင်ဘုရင်သားတော် စိုးစံ ရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 23
Cross References
2 Samuel 5:3ထိုသို့ ဣသရေလ အမျိုးအသက်ကြီး သူအပေါင်း တို့သည် ရှင်ဘုရင် ရှိရာဟေဗြုန် မြို့သို့ ရောက်လာ လျှင် ၊ ဒါဝိဒ် မင်းကြီး သည် ဟေဗြုန် မြို့၌ ထာဝရဘုရား ရှေ့ တော်မှာ သူ တို့နှင့် မိဿဟာယ ဖွဲ့ သဖြင့်၊ သူတို့သည် ဒါဝိဒ် ကို ဘိသိက် ပေး၍ ဣသရေလ ရှင်ဘုရင် အရာ ၌ ချီးမြှောက်ကြ၏။
2 Samuel 7:16သင် ၏အမျိုးအနွယ် နှင့် ၊ သင် ၏နိုင်ငံ သည် ငါ့ရှေ့ မှာ အစဉ်အမြဲ တည် လိမ့်မည်။ သင် ၏ရာဇပလ္လင် သည်လည်း အစဉ်အမြဲ တည် လိမ့်မည်ဟု ငါ့ ကျွန် ဒါဝိဒ် အား ပြော လော့ဟု မိန့် တော်မူ၏။
1 Kings 9:5ဣသရေလ နိုင်ငံ၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင်ရသောသင် ၏ အမျိုး မင်းရိုးမ ပြတ် ရဟု သင့် အဘ ဒါဝိဒ် အား ငါဂတိ ရှိသည်အတိုင်း ၊ သင် ထိုင်ရသောဣသရေလ နိုင်ငံ ၏ရာဇ ပလ္လင်ကို အစဉ် ငါတည် စေမည်။
1 Chronicles 9:9သားစဉ် မြေးဆက်စာရင်းဝင်သော အမျိုးသား ချင်းပေါင်းကိုး ရာ ငါး ဆယ်ခြောက် ယောက်တည်း။ ဤ သူအပေါင်း တို့သည် အဆွေအမျိုး သူကြီး ဖြစ်ကြ၏။
2 Chronicles 6:16အိုဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော်က၊ သင်သည်ငါ့ ရှေ့ မှာ ကျင့် သကဲ့သို့ သင် ၏ သား မြေးတို့သည်ငါ့ တရား ကို ကျင့် လိုသောငှါ ၊ မိမိ တို့ သွားရာလမ်း ကို သတိပြု လျှင် ၊ ငါ့ မျက်မှောက် ၌ ဣသရေလ နိုင်ငံ၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် ရသောသင် ၏ အမျိုး မင်းရိုးမ ပြတ် ရဟု ကိုယ်တော် ကျွန် အကျွန်ုပ် အဘ ဒါဝိဒ် ၌ ထား တော်မူသောဂတိတော်ကို ယခု စောင့် တော်မူပါ။
2 Chronicles 21:7သို့ရာတွင် ထာဝရဘုရား သည် ဒါဝိဒ် အစ ရှိသော သား မြေးတို့၏ မီးခွက် ကို အစဉ် ထွန်းလင်းစေမည်ဟု ဂတိတော်ရှိ၍၊ ဒါဝိဒ် နှင့် ပဋိညာဉ် ဖွဲ့ တော်မူသောကြောင့် ၊ သူ၏အမျိုး ကို မ ဖျက်ဆီး ဘဲ ထားတော်မူ၏။