ရာဇဝင်ချုပ်ပထမစောင် 24:22
ထိုသို့ ယောရှ မင်းကြီး သည် ဇာခရိ အဘ ယောယဒ ပြု သော ကျေးဇူး ကို မ အောက်မေ့ ၊ သား ကိုသတ် လေ သည်တကား။ ဇာခရိ သေ သောအခါ ၊ ဤအမှုကို ထာဝရဘုရား သည် ကြည့်ရှု စစ်ကြော တော်မူမည်ဟုဆို ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 24
Cross References
Genesis 9:5အကယ်၍ သင် တို့အသက် တည်းဟူသော၊ သင် တို့အသွေး ကို ငါတောင်း မည်။ လူ ၊ တိရစ္ဆာန် အပေါင်း တို့၌ ငါတောင်း မည်။ ခပ်သိမ်းသော လူ တို့၏ ညီအစ်ကို ၌ လူ ၏အသက် ကို ငါတောင်း မည်။
Judges 8:35ဂိဒေါင် တည်းဟူသောယေရုဗ္ဗာလ သည် ဣသရေလ အမျိုး၌ ပြု သမျှ သော ကျေးဇူး နှင့်အညီ ၊ သူ၏အမျိုး ၌ ကျေးဇူး တုံ့ကို ပြန်၍ မ ပြု ဘဲနေကြ၏။
Psalms 10:14သို့သော်လည်း ကိုယ်တော် သည် မြင် တော်မူပြီ။ အကြောင်းမူကား၊ ပင်ပန်း စေခြင်းနှင့် နှောင့်ရှက် စေခြင်း ကို လက်ဝါး တော်၌ မှတ်သား မည်ဟု ကြည့်ရှု တော်မူတတ်ပါ၏။ ဆင်းရဲ သောသူသည် ကိုယ်တော် ၌ ကိုယ်ကို အပ် တတ်ပါ၏။ ကိုယ်တော် သည် မိဘ မရှိသောသူ ၏ ခိုလှုံ ရာဖြစ် တော်မူ၏။
Proverbs 17:13အကြင်သူသည် ကျေးဇူး ကိုမသိ၊ မ ကောင်းသော အမှုနှင့် ဆပ် ၏။ ထိုသူ ၏အိမ် သည် မ ကောင်းသော အမှုနှင့် မ ကင်း မလွတ်ရ။
Jeremiah 26:14ငါ မူကား၊ သင် တို့လက် ၌ ရှိပါ၏။ သင် တို့စိတ် ၌ ဖြောင့်မတ် လျောက်ပတ် သည်ဟု ထင်သည်အတိုင်း ၊ ငါ့ ကို ပြု ကြလော့။
Jeremiah 51:56ဗာဗုလုန် မြို့ကို တိုက်ဖျက် လုယူသောသူသည် ရောက် လျှင် ၊ မြို့သားစစ်သူရဲ တို့သည် ရန်သူတို့လက် သို့ ရောက်၍၊ သူ တို့စွဲကိုင်သော လေး ရှိသမျှတို့သည် ကျိုး ကြ ၏။ အကျိုး အပြစ်ကိုပေး တတ်သောဘုရားသခင် ထာဝရဘုရား သည် ဆက်ဆက်ပေး တော်မူပြီ။