ရာဇဝင်ချုပ်ပထမစောင် 25:23
ဣသရေလ ရှင်ဘုရင် ယဟောရှ သည် ယုဒ ရှင်ဘုရင် အာခဇိသားဖြစ်သော ယောရှ ၏သား အာမဇိ ကို ဗက်ရှေမက် မြို့မှာ ဘမ်းမိ ၍ ၊ ယေရုရှလင် မြို့သို့ သွားပြီးလျှင်၊ ယေရုရှလင် မြို့ရိုး အတောင် လေးရာ ကို၊ ဧဖရိမ် တံခါး မှ သည် ထောင့် တံခါး တိုင်အောင် ဖြိုဖျက် လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
22ဣသရေလ အမျိုးသားရှေ့ မှာ ယုဒ အမျိုးသားရှုံး ၍ ၊ အသီးအသီး တို့သည် မိမိ တို့နေရာ သို့ ပြေး ကြ၏။
Read all of ရာဇဝင်ချုပ်ပထမစောင် 25
Cross References
2 Chronicles 21:17သူတို့ သည် ယုဒ ပြည်သို့ ချီ လာ၍ လုပ်ကြံ ကြ၏။ နန်းတော် ၌ တွေ့ သမျှ သောဥစ္စာ များနှင့် ရှင်ဘုရင် ၏ သား မယား များတို့ကို သိမ်းသွား ကြသဖြင့် ၊ အထွေး ဆုံး သောသား အာခဇိမှတပါး ၊ တယောက် မျှမကျန်ကြွင်း။
2 Chronicles 22:6ထိုသို့ ရာမုတ် မြို့၌ ရှုရိ ရှင်ဘုရင် ဟာဇေလ ကို တိုက် ၍ ၊ ရှုရိလူထိခိုက် သော အနာ ပျောက် စေခြင်းငှါ ၊ ယောရံသည် ယေဇရေလ မြို့သို့ ပြန်သွား ၍ နာ လျက် နေစဉ်တွင်၊ ယုဒ ရှင်ဘုရင် ယဟောရံ သား အာခဇိ သည် လည်း ၊ အာဟပ် သား ယောရံ ကို ကြည့်ရှု ခြင်းငှါ ထိုမြို့သို့ ဆင်း သွားလေ၏။
2 Chronicles 33:11အာရှုရိ ရှင်ဘုရင် ၏ ဗိုလ် မင်း များကို စစ်ချီစေတော်မူသဖြင့်၊ သူတို့သည် မနာရှေ ကို ဆူးတော ၌ ဘမ်းမိ ၍ ၊ သံကြိုး နှင့် ချည်နှောင် ပြီးမှ ၊ ဗာဗုလုန် မြို့သို့ ဆောင် သွားကြ၏။
2 Chronicles 36:10နှစ် လည် သောအခါ ၊ နေဗုခဒ်နေဇာ မင်းကြီး သည် စစ်ချီ စေ၍ ၊ ထိုမင်းနှင့်တကွကောင်းမွန် သော ဗိမာန် တော်တန်ဆာ တို့ကို ဗာဗုလုန် မြို့သို့ ယူ သွား၍ ၊ ဘထွေး တော် ဇေဒကိ ကို၊ ယုဒ ပြည် ယေရုရှလင် မြို့ နန်းတော် ပေါ်မှာ တင်လေ၏။
Nehemiah 12:39ဧဖရိမ် တံခါး ၊ ဟောင်းသောတံခါး ၊ ငါး တံခါး ၊ ဟာနနေလ ပြအိုး ၊ မေအာ ပြအိုး အထက် မှစ၍သိုး တံခါး တိုင်အောင် လိုက်သဖြင့်၊ ထောင် တံခါး ဝတွင် ရပ် နေကြ ၏။
Proverbs 29:23မိမိ မာန သည် မိမိ ကိုနှိမ့်ချ လိမ့်မည်။ စိတ် နှိမ့်ချ သောသူမူကား ၊ ဂုဏ် အသရေကိုရ လိမ့်မည်။